29 December 2017

ငွေတောင်းခံခဲ့သော ရေးမြို့၊မြို့မရဲစခန်းက ရဲအုပ်အဆင့်ရှိ အမှုစစ်အရာရှိကို အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ကျခံစေရန် မွန်ပြည်နယ်တရားလွှတ်တော် အမိန့်ချမှတ်

နေပြည်တော်၊ဒီဇင်ဘာ၂၈    Popular News Journal
25660198_1666636310065311_3835499120044681316_n

မော်တော်ယာဉ်တိမ်းမှောက်မှု နှင့် စပ်လျဉ်းပြီး ငွေတောင်းခံခဲ့သော ရေးမြို့၊မြို့မရဲစခန်းက ရဲအုပ်အဆင့်ရှိ အမှုစစ်အရာရှိကို အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ကျခံစေရန် မွန်ပြည်နယ်တရားလွှတ်တော်က ဒီဇင်ဘာလ ၂၀ရက်နေ့တွင် အမိန့် ချမှတ်လိုက်သည်။


အဂတိလိုက်စားမှုကော်မရှင်က တရားလိုလုပ် တရားစွဲဆိုခဲ့မှုအပေါ် ပြည်နယ်တရားလွှတ်တော်က ၁၁လအချိန်ယူကာ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် အထက်ပါပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
မွန်ပြည်နယ် ရေးမြို့၊ မြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ်——-(လ ၁၉၉—) သည် အမှုစစ်ရဲအရာရှိ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုလျက် လာဘ်ငွေများ တောင်းခံရယူခဲ့ကြောင်း ကော်မရှင်က စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၆ ဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်၌ တရားစွဲတင်ပို့ခဲ့သည်ဟု သိရသည်။
PN