28 December 2017

CI သက်သေခံလက်မှတ်များအမြန်ဆုံးပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန်


ထိုင်းနိုင်ငံတွင် တရားမ ဝင် မြန်မာလုပ်သားများကို ဖမ်းဆီးခြင်းမပြုရန် ဆိုင်းငံ့ထားသည့် သက်တမ်းကုန်ဆုံးတော့မည်ဖြစ် ၍ ထိုင်းအစိုးရထုတ်ပြန်သည့် ဥပဒေသစ်အရ အရေးယူခြင်း ခံရမည် ဖြစ်သောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI စာအုပ်များ အမြန်ဆုံးပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ အလုပ်သမားသံအ ရာရှိဌာနက ဒီဇင်ဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။ 


‘‘ထိုင်းဘက်ကနေ ခုထိ အ ကြောင်း မပြန်သေးတဲ့အတွက် ကျွန်တော်တို့ဘက်က ဒီကြားထဲ မှာ အပြီးလုပ်ထားဖို့ သတိပေး လိုက်တာပေါ့။ သူတို့ဘက်က တော့ ခုထိ ထပ်တိုးပေးမယ်ဆို တာ မလာသေးဘူး။ ဒီနေ့ရောဆို လေးရက်ပဲ ကျန်တော့တယ်လေ။ သံရုံးက အဲဒါကြောင့် သတိပေး လိုက်တာ။ တိုးပေးတာ၊ မတိုးတာ က သူ့နိုင်ငံရဲ့မူဝါဒပေါ့’’ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဆန်းမောင်ဦး က 7Day Daily သတင်းစာအား ပြောကြားသည်။ 
လက်ရှိတွင် အထောက်အ ထားမရှိသည့် မြန်မာလုပ်သား ၅၀,၀၀၀ ကျော် CI လက်မှတ်ပြု လုပ်ရန် ကျန်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။ 
ထိုင်းနိုင်ငံတွင် မြန်မာအပါ အဝင် တရားမဝင် နိုင်ငံခြားသား များကို ဖမ်းဆီးခြင်းမပြုရန် ဆိုင်း ငံ့ထားသည့်ရက် ၁၈၀ သည် ဒီဇင် ဘာ ၃၁ ရက်၌ ပြည့်မည်ဖြစ်ပြီး ဆိုင်းငံ့ကာလထပ်တိုးပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိုင်းအစိုးရထံ တောင်းဆိုထား သည်။ 
ထို့အပြင် ထိုင်းနိုင်ငံအလုပ် သမားဝန်ကြီးက ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး၌ တင်ပြထား ကြောင်း ဦးဆန်းမောင်ဦးက ပြော သည်။ 
ဆိုင်းငံ့ထားသည့်ရက်ပြည့် တော့မည်ဖြစ်၍ CI လက်မှတ်များ ကို Mobile Tean ဖြင့် မြန်မာလုပ် သားအများဆုံးရှိရာ နေရာများသို့ သွားရောက် ပြုလုပ်ပေးနေ ကြောင်း ၎င်းက ပြောသည်။ 
‘‘ဆဲဗင်းအလဲဗင်းမှာ ဒီနေ့ ငွေသွင်းလာပြီး ဒီနေ့လုပ်မရဖြစ် နေတယ်။ ငွေသွင်းပြီး သုံးရက် မြောက်မှ လာခဲ့ဖို့ စခန်းတွေက ပြောနေတော့ အပြောတစ်မျိုး၊ လက်တွေ့တစ်မျိုး ဖြစ်နေပါ တယ်’’ဟု ထိုင်းရောက် မြန်မာလုပ် သားအရေး ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြား သည်။ 
မြန်မာလုပ်သားများအား အ ဆိုပါ CI စာအုပ်များကို မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ ဘန်ကောက်၊ ချင်းမိုင်မြို့အပါအဝင် စုစုပေါင်း စခန်းကိုးခုဖွင့်လှစ်ကာ ထုတ်ပေး နေသည်။ 
မြန်မာလုပ်သားများအများ ဆုံးရှိသော စမွတ်ပရာကန်ခရိုင်ရှိ Imperial World ကုန်တိုက်၊ ဘန် ကောက်မြို့ရှိ Big C ကုန်တိုက် နှင့် ဖစ်ဘူရီကျဟာငန်းမြို့နယ်တို့ ၌ Mobile Team သုံးဖွဲ့ထားရှိ၍ ဆောင်ရွက်ပေးနေသည်။ 
လက်ရှိတွင် ပန်းရောင်ကတ် ကိုင်ဆောင်သူများနှင့် ယာယီ ပတ်စ်ပို့ကိုင်ဆောင်သူ ကိုးသိန်း ကျော် CI လက်မှတ်များပြုလုပ် ထားသည်။ 
CI လက်မှတ်သည် လေးနှစ် သက်တမ်းရှိပြီး ဗီဇာ ၂ နှစ်ပါဝင် ကာ နေထိုင်ခွင့် (ဗီဇာ)နှင့် အလုပ် လုပ်ကိုင်ခွင့်(အလုပ်ပါမစ်)လက် မှတ်များရရှိရန် ဆက်လက် လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။