29 December 2017

ရခိုင်တိုင်းရင်းသားပိုင် နွား ၁ ကောင်အား ဘင်္ဂါလီ ၂ ဦးက ဓားဖြင့်ခြိမ်းခြောက်ကာ လုယူမှု မောင်တောတွင် ဖြစ်ပွား



မောင်တော၊ ဒီဇင်ဘာ - ၂၈

ရခိုင်တိုင်းရင်းသားတစ်ဦး ၎င်းပိုင်နွားများအား လွှတ်ကျောင်းထားစဉ် ဘင်္ဂါလီနှစ်ဦးက ဓားဖြင့်ခြိမ်းခြောက်ကာ နွားတစ်ကောင်ကို လုယူသည့် ဖြစ်စဉ်တစ်ခု မောင်တောမြို့နယ် သင်္ဘောလှကျေးရွာတွင် ဒီဇင်ဘာ ၂၇ ရက် နေ့လယ်က ဖြစ်ပွားခဲ့ တယ်လို့ ပြည်ထဲရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ ၁၄း၀၀ အချိန်တွင် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာနေ ဦးခင်စောမောင်၊ (၃၀) နှစ်သည် သင်္ဘောလှကျေးရွာ မြောက်ဘက် ကပ်လျက်လယ်ကွင်းတွင် ၎င်းပိုင် နွား ၃ ကောင်အား လွှတ်ကျောင်းထားစဉ် ဂျာယာအလန်၊ (၃၀) နှစ်ပါ ဘင်္ဂါလီ ကျား ၂ ဦးမှ နွားမ ၁ ကောင်အား တောလမ်းအတိုင်း ဆွဲယူသွားသည်ကို တွေ့ရှိခဲ့၍ ဦးခင်စောမောင် မှ လိုက်လံတားမြစ်ခဲ့ရာ ဂျာယာအလန် ပါ ၂ ဦးမှ ဓါးဖြင့်ခြိမ်းခြောက်၍ နွားအား ဆွဲသွားကြောင်း သတင်းအရ သင်္ဘောလှ ရဲကင်းစခန်းမှူး ဦးစီးအဖွဲ့၊ ကျေးရွာအုပ်ချုပ်မှူးပါ ရွာသား ၂၀ ဦးခန့်တို့ ပူးပေါင်း၍ လိုက်လံရှာဖွေရာ

 ၁၅း၃၀ အချိန်တွင် သင်္ဘောလှကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ပွန်တီကျေးရွာအနီး လယ်ကွင်း၌ ဂျာယာအလန် ပါ ၂ ဦးအား ခိုးယူသွားသော နွားမ ၁ ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုသို့ ဓားဖြင့်ခြိမ်းခြောက်ကာ လုယူသွားသည့် နွားနှင့်အတူ ဖမ်းဆီးရမိသည့် ဂျာယာအလန် ပါ ၂ ဦးအား တောင်ပြိုယာ နယ်မြေရဲစခန်းမှ (ပ) ၂၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ (ပြင်ဆင်ပြီးမှ ခိုးယူမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။
KZ(0pinion leaders)