29 December 2017

ကြေးမုံသတင်းစာက သတင်းထောက်ကပ်ပြားကိုင်ဆောင်ထားသူ တစ်ယောက်ကို ဘင်္ဂါလီ ၆ ဦးသယ်ဆောင်လာမှုနဲ့ ရဲဖမ်း



ပန်းတောင်း ၊ ဒီဇင်ဘာ ၂၈ Popular News Journal

ကြေးမုံသတင်းစာက သတင်းထောက်ကပ်ပြားကိုင်ဆောင်ထားသူ တစ်ဦးကို ရခိုင်ပြည်နယ်ကနေ ဘင်္ဂါလီ ၆ ဦး သယ်ဆောင်လာမှုနဲ့ ဒီကနေ့နေ့လည်က ပဲခူးတိုင်းအတွင်းမှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။

သူ့ရဲ့ သတင်းထောက်ကပ်ပြားမှာတော့ နာမည်နဲ့တကွ ကျောက်ဖြူမြို့နယ် သတင်းထောက်အမှတ်(၅၀၉)လို့ရေးသားထားတယ်လို့သိရပါတယ်။



ပဲခူးတိုင်းဒေသကြီး ဥသျှစ်ပင်ရဲစခန်းအပိုင်ထဲက ညောင်ခြေထောက် (မကဖ) စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ နေ့လည် ၁၂ နာရီ လောက်က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဥသျှစ်ပင် ရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

"သူ့ကို ပန်းတောင်းကိုခေါ်သွားပြီ။ ဟိုမှာစစ်ဆေးမှာပါ" လို့ အဆိုပါတာဝန်ကျတာဝန်မှူးက ပြောပါတယ်။

အဆိုပါ သတင်းထောက်ဆိုသူဟာ ဘင်္ဂလီ ၆ ဦး(ကျား ၂ ၊ မ ၄) ကို ခေါ်ဆောင်လာတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ကိုလူခွဲစစ်ဆေးနေတယ်လို့ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ တာဝန်ကျတာဝန်မှူးက ပြောပါတယ်။

"အသေးစိတ်ကို စစ်ဆေးနေတုန်းမို့ပြောမရသေးတာပါ" လို့ အဆိုပါတာဝန်မှူးကဆိုပါတယ်။

ညောင်ခြေထောက်စစ်ဆေးရေးဂိတ်မှာ တာဝန်ရှိသူတွေက ယာဉ်တွေကိုစစ်ဆေးနေစဉ် အဲဒီလူမောင်းနှင်လာတဲ့ကားဟာ ဂိတ်ရဲ့မောင်းတံကို ၀င်တိုက်ပြီး ထွက်ပြေးမောင်းထွက်သွားလို့ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေထံကနေသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာမှာ ခိုးဝင်ဘင်္ဂါလီရှစ်ဦးကို အိမ်မှာလက်ခံခဲ့တဲ့ မှုခင်းသတင်းထောက်ဆိုသူတစ်ဦးနဲ့ နယ်မြေခံသတင်းထောက်ဆိုသူတစ်ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။
.................................................................................................................................................................
ကျောက်ဖြူအခြေစိုက် ကြေးမုံသတင်းထောက် လူကုန်ကူးမှုဖြင့် ဖမ်းဆီးခံရ
------ ------ ------ ----- -----
ပဲခူးတိုင်း ပန်းတောင်မြို့နယ် ဥသျှစ်ပင်နယ်မြေစခန်းအပိုင် ညောင်ကျိုးရဲကင်းစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၂၈ နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာမှ လုံခြုံရေးစစ်ဆေးနေစဉ် ယာဉ်မောင်းစောမိုးကျော် (၅၀)နှစ် ကျောက်ဖြူမြို့နယ်နေ ကြေးမုံသတင်းထောက်သည် YGN 2E-3402 တိုယိုတာ Mark 2 အမျိုးအစား ခဲရောင်ယာဉ်သည် စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးကြောင်း၊ အဆိုပါယာဉ်အား လိုက်လံဖမ်းဆီးရာ ဥသျှစ်ပင်ဂိတ်တွင် ဖမ်းဆီးရမိကြောင်း၊ ယာဉ်ပေါ်တွင် မျိုးလွင် (၃၄)နှစ်၊ ဇေယျာထွန်း(၁၄)နှစ်၊ ဒေါ်စုစုထွေး (၄၄)နှစ်၊ ခင်နှင်းဝင်း (၁၆)နှစ်၊ ခရစ္စမတ်မေ (၁၁)နှစ်တို့အား တင်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဥသျှစ်ပင်နယ်မြေစခန်းတွင် ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
news watch