25 December 2017

သတင်းထောက် ၂ ဦး နေအိမ်များမှ ခိုးဝင်ဘင်္ဂါလီရှစ်ဦးဖမ်းဆီးရမိ

24 December 2017    The Union Daily

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် မြို့ချောင်းကျေးရွာ အုပ်စု ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၈၃/၆ အနီးတွင် ခိုးဝင်ဘင်္ဂါလီရှစ်ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သတင်းအရ ခိုးဝင် ဘင်္ဂါလီများရောက်ရှိနေကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစခန်း မှူး ရဲအုပ်ရဲထွဠ်ကိုနှင့်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ မိုင်တိုင် ၈၃/၆အနီးတွင် နေထိုင်သူ စံသိန်း (၆၂နှစ်) မှုခင်းရှုထောင့်အုပ်စု တာဝန်ခံဥက္ကဋ္ဌ၏ ခြံဝင်းအတွင်းရှိ တဲအတွင်းမှ လိုက်ပါသယ်ယူပို့ ဆောင်သူ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့်အတူ ဘင်္ဂါလီလူမျိုး အမျိုးသားငါးဦး၊ အမျိုးသမီးတစ်ဦးတို့အား တွေ့ရှိခဲ့သည်။ 


အလားတူပင် မြို့ချောင်း ကျေးရွာနေထိုင်သူ ခင်ရွှေ(၆၁ နှစ်) သတင်းထောက်၏ နေအိမ်တွင် လည်း ဘင်္ဂါလီအမျိုးသမီး နှစ်ဦး အား ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ခိုးဝင်ဘင်္ဂါလီ ရှစ်ဦးအား ရန်ကုန် တိုင်းဒေသကြီးတွင်နေထိုင်ကြသော ကြူကြူ(၅၈နှစ်) အမှုထမ်းရပ် သန်လျင်မြို့နေသူနှင့် မျိုးမင်းမင်း ထွန်း(၃၃နှစ်) ကျီးပင်စု အရှေ့ဒဂုံ ဆိပ်ကမ်းနေသူများမှာ ယခုလ ၁၇ ရက်က ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်ပေါက်တောကျေးရွာမှနေပြည် တော်သို့ခေါ်ဆောင်လာကာ ပုဗ္ဗ သီရိမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ည အိပ်ကာ ယခုလ ၂ဝ ရက်တွင် ကျောက်တံခါးမြို့နယ် စံသိန်း၏ နေအိမ်သို့ရောက်ရှိကာ တည်းခိုပြီး ရန်ကုန်သို့ထွက်ခွာရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ဘင်္ဂါလီ များအား လိုက်ပါပို့ဆောင်သူ နှစ်ဦးနှင့် လက်ခံထားသူ သတင်း ထောက်နှစ်ဦးအား ဖမ်းဆီးစစ်ဆေး ကာ ကွင်းဆက်များအား စုံစမ်း ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။