17 December 2017

ကော့သောင်းမြို့နယ်တွင် ပိုက်ဆံ ကျပ် ၄၀၀၀ အတွက် လည်ပင်းလှီးဖြတ် လူသတ်မှုဖြစ်ပွား


17 December 2017 ‎ Aung Zaw Min Tun‎  (facebook)




တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အော်ကြီးကျေးရွာအုပ်စု သရက်ပင်ကျေးရွာ တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့ လည် ၂ နာရီခန့် က ပိုက်ဆံကျပ် ၄၀၀၀ ပျေက်ဆုံးမှုနဲ့ လည်ပင်းလှီးဖြတ်လူသတ်မှု ဖြစ်ပွာခဲ့ကြောင်း သိရပါသည်။

သတင်းအရ ကော့သောင်းမြို့မ စခန်းမှူး ဦးစီးအဖွဲ့မှ အခင်းဖြစ်နေရာအားသွား ရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ထွန်းရင် (၄၂) နှစ် သရက်ပင်ကျေးရွာနေသူဖြစ်ပြီး လည်ပင်းတွင်ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည်။

 ၎င်းအား လည်လှီးသတ်ဖြတ်ခဲ့သူမှာ ဦးမုန်းချစ် (၅၅)နှစ် (ဘ)ဦးသိန်းမောင် ဥယာဉ်ခြံလုပ် သရက်ပင်ကျေးနေသူဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့မိကြောင်း ကိုယ်တိုင်ဝန်ခံထွက်ဆို ဖမ်းဆီးခံခဲ့တာကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ ရာ ဦးမုန်းချစ် မှ ယခုလိုထွက်ဆိုသွားခဲ့ပါတယ်။

နေခင်း ၁၂ နာရီလောက်က ကျွန်တော်ခြံထဲက ဖြူတစ် ကောင်ရလာလို့ ဖြူသားအချို့ကိုရောင်း လိုက်တာ ၇၅၀၀ကျပ် ရတယ် ဆန်နဲ့ဆီ ဝယ်တာက ၃၅၀၀ကျပ် ပိုတဲ့ပိုက်ဆံကိုလွယ်အိပ်ထဲထည့်ပြီး အိမ်ပေါ်တင်ထားခဲ့တယ် ကျန်တဲ့ဖြူသားကိုချက်ပြီးတော ကျွန်တော်နဲ့အတူနေတဲ့ ထွန်းရင် နဲ့ အရက်အတူ သောက်လိုက်တာ တော်တော်မူး သွားတယ် ထွန်းရင် က အရက်သောက်ပြီး အိမ်ပေါ်ကဆင်း သွားတော့ လွယ်အိပ်ထဲက ပိုက်ဆံ ၄၀၀၀ ကိုပြန်ကြည်တာ မတွေ့တော့ဘူး တစ်အိမ်လုံးမှ ၂ ယောက်ထဲရှိတာ ဒီကောင်မယူ လို့ဘယ်ကောင် ယူမလဲ အိမ်မှာအိပ် အိမ်မှာစား အိမ်ကပိုက်ဆံပါ ထပ်ခိုးတယ်ဆိုတော့ ကျွန်တော် ဒေါသထွက်ပြီး ဖြူသားဖျက်ဖို့သေခြာသွေထာတဲ့ ဓားကိုယူပြီးနောက်ကလိုက်သွားပြီး မေးတာ။
ဒီကောင်ကကောင်းကောင်းမဖြေတာနဲ့ ဓားနဲ့လည် လှီးမယ်လို့ လုပ်လိုက်တာ ရုန်းရင်းကန်ရင်း နဲ့ တကယ် လှီးမိပြီးလက်လွန်သွားတယ်-ဖြူတစ်ကောင်ရဲ့ကြိမ်စာလား အတောမသတ် နိုင်တဲ့လူတွေရဲ့ လောစိတ်ကြောင့်လား ဒေါသတွေ ဆူပွက်အောင်လုပ်လိုက်တဲ့အရက် ကြောင့်လား မသိတော့ပါဘူးဟုထွက်ဆိုဝန်ခံခဲ့ သဖြင့် လူသတ်မူကျူးလွန်ခဲ့သူ ဦးမုန်းချစ် အား ကော့သောင်းရဲစခန်း(ပ)၂၁၈၂/၂၀၁၇ ပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။