17 December 2017

ပလိပ်ပန်ဒါချည်မျှင်အထည်စက်ရုံအလုပ်သမားများ ဆိုင်ကယ်အစီး ၁၂၀ကျော်ဖြင့်ဆန္ဒပြ



မန္တ​လေးတိုင်း​ဒေသကြီး ပလိပ်​ပန်​ဒါချည်​မျှင်​အထည်​စက်ရုံက အလုပ်​သမား ၂၀၀ ​ကျော်​ဟာ ဒီနေ့ မနက်ပိုင်းက ပလိပ်​ပန်​ဒါချည်​မျှင်​အထည်​စက်​ရုံမှ မဟာ​အောင်​​မြေမြို့နယ်​ ပြည်​သူ့ဟစ်​တိုင်​ကွင်းအထိ ဆိုင်​ကယ်​အစီး ၁၂၀ ​ကျော်​နဲ့ ဆန္ဒပြခဲ့ကြပါတယ်​။

ပန်​ဒါချည်​မျှင်​စက်ရုံက အလုပ်​​သမားတွေဟာ ၈ လကြာသပိတ်​တိုက်ပွဲဆင်​နွှဲခဲ့ကြပြီး အလုပ်​သမားဝန်​ကြီးဌာနက အချက်​ ၂၈ ချက်ပါ အလုပ်​ရှင်​အလုပ်​သမား နှစ်​ဦးသ​ဘောတူစာချုပ်​ ချုပ်​ဆိုခဲ့​ကြ​တာပါ။


ဒါပေမယ့်အလုပ်​ရှင်​ဘက်​က စာချုပ်​ချိုး​ဖောက်​ပြီး အလုပ်​ရပ်​နားထားတဲ့ အလုပ်​သမား အမှုဆောင်​ ၂ ဦးကို အမြန်​ဆုံး ​ပြန်​လည်​ခန့်​ထား​ပေးဖို့​ ချုပ်​ဆိုထားတဲ့စာချုပ်​ကို အ​ကောင်​ထည်​​ ဖော်ပေးဖို့​နဲ့ အလုပ်​သမားဥပ​ဒေစိုးမိုးဖို့ ​စတဲ့ အချက်​ (၆) ချက်​​တောင်းဆိုခဲ့ကြတာပါ။

ပန်​ဒါစက်​ရုံအလုပ်​အမှုဆောင်​ မဇာခြည်​ဝင်းက “အလုပ်​သမားဝန်​ကြီးဌာနအ​နေနဲ့ စာချုပ် ​ချိုး​ဖောက်​တဲ့ အလုပ်​ရှင်​ကို ထိထိ​ရောက်​​ရောက် ​အ​ရေးမယူတာကို အလုပ်​သမား ၂၀၀ ​ကျော်က မ​ကျေမနပ်​ဖြစ်​တဲ့အတွက် ဆန္ဒပြရတာ ဖြစ်​တယ်”​လို့​ ပြောပါတယ်​။

လွှဲ​ပြောင်းခံ နိုင်​ငံဝန်​ထမ်း​ဟောင်းများ ဘဝအာမခံချက်​ရရှိ​ရေး၊ ၂၈ ချက်​ပါ သ​ဘောတူညီ ချက်​ စာချုပ်​ကို အပြည့်အဝအ​ကောင်​အထည်​​ဖော်​​ပေး​ရေး၊ အလုပ်အမှုဆောင် ၂ ဦးကို ပြန်​လည်​ခန့်​ထား​ပေး​ရေး၊ အလုပ်​သမားဥပ​ဒေစိုးမိုး​ရေး၊ ဥပ​ဒေအထက်ရှိ အလုပ်​ရှင်​များ အလိုမရှိ၊ အလုပ်​သမားအ​ရေးဝင်​​ရောက်​​ဆောင်​ရွက် ​မ​ပေး​သောလူကြီးများ အလိုမရှိ စတဲ့​ကြွေး​ကျော်​သံတွေနဲ့အတူ ပလိပ်​ပန်​ဒါချည်မျှင်​စက်​ရုံမှ မန္တ​လေးပြည်သူ့ဟစ်​တိုင်​ကွင်းအထိ ဆန္ဒပြခဲ့ကြပါတယ်​။