19 December 2017

စမုတ်ပရာကန် CI စခန်းကို ကုန်တိုက်သို့ ပြောင်းရွှေ့ဖွင့်လှစ်


ရွှေလုပ်သား ၁၉.၁၂.၂၀၁၇

            စမုတ်ပရာကန် CI စခန်းအား စံမလွန် Big C သို့ ယမန်နေ့က စတင်၍ ပြောင်းရွှေ့ဖွင့်လှစ်လိုက် ကြောင်း ဘန်ကောက် သံအရာရှိ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။


         Samut Prakarn ခရိုင်ရှိ Imperial World ကုန်တိုက်နှင့် ဘန်ကောက်မြို့၊ Sukuvit (စူကူဝစ်) လမ်းမကြီး၊ ၇၆ နှင့် ၇၈ လမ်းသွယ်ကြားရှိ Samrong (ဆန်ရွန်) Big C တို့တွင် ၁၈-၁၂-၂၀၁၇ ရက်နေ့မှစပြီး ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပြီး (Samrong Big C သို့ Sky Train (BTS) ဖြင့် Samrong ဘူတာသို့ လည်း ကောင်းမော်တော်ကားဖြင့် သွားမည်ဆိုပါက Samrong Big C မှတ်တိုင်တွင် ဆင်းပြီးလည်းကောင်း သွားရောက်ဆောင်ရွက်နိုင်ပြီး Mobile Team ဖြင့် CI ထုတ် ပေးခြင်းကိစ္စနှင့် ပတ်သက်၍ သိရှိလိုပါက အလုပ်သမားသံအရာရှိရုံး ဖုန်းနံပါတ်များနှင့် Samrong Big C Mobile Team တာဝန်ခံ ဖုန်း ၀၉၉ ၂၁၇၁၃၇၉ သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း လမ်းညွှန်ထားပါသည်။



      ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား  အထောက်အထား ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ၂၀၀၉ ခုနှစ်မှစတင်ပြီး ဆောင်ရွက်ပေးခဲ့ရှိရာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းကို ၃-၃-၂၀၁၇ ရက်နေ့မှစကာ စမုပရာကန်၊ မဟာချိုင် (၁)၊ မဟာချိုင် (၂)၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့တို့တွင် CI ထုတ်ပေးရေးစခန်းများ စတင်ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးခဲ့ရာ အလုပ်သမားများအား အထောက်အထားထုတ်ပေးရေး လုပ်ငန်း စဉ် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ချင်းမိုင်၊ နခွန်းစ၀မ်နှင့် ဆောင်ခလာမြို့တို့တွင် CI စခန်း (၃) ခုကို ‎၁၅-၉-၂၀၁၇ ရက်နေ့တွင်တိုးချဲ့ဖွင့်လှစ်ရ်ျ CI စခန်း (၉) ခုအထိ ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပါသည်။

နခွန်းစ၀မ်နှင့် ဆောင်ခလာမြို့တို့တွင် CI စခန်း (၃) ခုကို ၁၅-၉-၂၀၁၇ ရက်နေ့တွင်တိုးချဲ့ဖွင့်လှစ်ရ်ျ CI စခန်း (၉) ခုအထိ ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပါသည်။

  အဆိုပါစခန်းများတွင် DOE Document ဖြင့် လာရောက်လျှောက်ထားသည့် အလုပ်သမားများအား CI ထုတ်ပေးခြင်းအပြင် ဗီဇာထုပေးခြင်း၊ ဆေးစစ်ခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Workpermit) ထုတ် ပေးခြင်းတို့ကို ထိုင်းနိုင်ငံဘက်ရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့အပြင် CI စခန်းများသို့ လာရောက်ရန်ခက်ခဲသည့် အလုပ်သမားများအဆင်ပြေစေရန်အတွက် CI စခန်း (၉) ခုအပြင် Mobile Team အဖွဲ့ (၂) ဖွဲ့ဖြင့် ၁၅-၁၁-၂၀၁၇ ရက်နေ့မှစ၍  လာရောက်ရန်ခက်ခဲသည့် အလုပ်သမားများအတွက် CI ထုတ်ပေးခြင်းကို စက်ရုံ၊ အလုပ်ရုံများအရောက် Mobile Team ဖြင့် အမြန် ဆုံး သွားရောက်ဆောင်ရွက်လျက်ရှိပါသည်။