27 December 2017

မြန်မာစစ်တပ်ကို ဂျီဟတ်တိုက်ပွဲဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ်မွတ်စလင်များအား အယ်လ်ကိုင်ဒါအဖွဲ့ဝင်တစ်ဦး တိုက်တွန်း


December 26, 2017 ဆဲဗင်းဒေး

ဘင်္ဂါလီလူမျိုးများအ တွက် ရခိုင်ပြည်နယ်လွတ်မြောက် ရေး မြန်မာစစ်တပ်အပေါ် ဂျီ ဟတ်တိုက်ပွဲဆင်နွှဲရန် ဘင်္ဂလား ဒေ့ရှ်မွတ်စလင်များကို ဘင်္ဂလား ဒေ့ရှ်လူမျိုး အယ်လ်ကိုင်ဒါအဖွဲ့ ဝင်တိုက်ခိုက်ရေးသမား မိုဟာ မက်မီဒါအက်ဒ်က တိုက်တွန်းခဲ့ သည်။


‘အလ္လာ၏ အမိန့်ကို နာခံ ရေး’ဟု ခေါင်းစဉ်ရေးထိုးထားပြီး အလ္လာကို လျစ်လျူရှု၍မရ ကြောင်း (Jahiliyyah)ပြောကြား ထားသည့် ကြေညာချက်ကို အယ်လ်ကိုင်ဒါအဖွဲ့၏ မီဒီယာဖြစ်သည့် As-Sahab က ဖြန့်ဝေခြင်း ဖြစ်သည်။ ယင်းကြေညာချက်ကိုရေးသားသူ မီဒါအက်ဒ်က နိုင်ငံတစ်နိုင်ငံအဖြစ် မွတ်စလင်တို့၏ စရိုက်လက္ခဏာကို မကောင်းဆိုး ဝါးနှင့် ၎င်း၏ အပေါင်းအပါများ က ခွဲခြားနေကြောင်း ဆင်ခြေ ကန်ခဲ့သည်။

ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲကာ မြန်မာစစ်တပ်အပေါ် ဂျီဟတ်ပြု လုပ်ရေးသည် တတ်စွမ်းသော ဘင်္ဂလားဒေ့ရှ်မွတ်စလင်တိုင်း၏ တာဝန်တစ်ရပ်ဖြစ်လာကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။‘‘အထူးသဖြင့် လတ်တလောအတွင်း လူမျိုးတုံးသတ်ဖြတ်မှု တွေမြင်ရပြီး ရခိုင်ပြည်နယ်မှာ နေတဲ့ ဘင်္ဂါလီတွေအပေါ် ဖိနှိပ်မှု တွေ၊ သူတို့နေထိုင်တဲ့ ရွာတွေကို ဖျက်ဆီးတာ၊

အမျိုးသမီးတွေကို စော်ကားတာ၊ ပြီးတော့ ခိုလှုံခွင့် တောင်းခံဖို့ ဘင်္ဂါလီတွေ ဘင်္ဂ လားဒေ့ရှ် (ဒါမှမဟုတ်) မလေး ရှားဘက်ဝင်ဖို့ ကြိုးစားတာတွေ မြင်ရတာ၊ ပြီးတော့ တစ်ချိန်တည်းဆိုသလို ကိုယ့်ရဲ့ စစ်မှန်တဲ့ အ မှတ်အသားလက္ခဏာကို မေ့ ဖျောက်ပြီး ဘင်္ဂလားဒေ့ရှ် (ဒါမှ မဟုတ်) မလေးရှားလူမျိုးမွတ်စ လင်တွေက Jahiliyyah ကို လက် ခံကျင့်သုံးတာတွေ မြင်ရပါတယ်’’ ဟု မီဒါအက်ဒ်က ယင်းကြေညာ ချက်တွင် ရေးသားခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်ဆို သည်မှာ မြန်မာနိုင်ငံ၏ အစိတ် အပိုင်းမဟုတ်ကြောင်း ယင်း ကြေညာချက်တွင် ထပ်လောင်း ဖော်ပြခဲ့သည်။

၁၅ မျက်နှာပါဝင်သော ယင်းကြေညာချက်တွင် ကိုရန်ကျမ်း စာအုပ်ထဲမှ စာပိုဒ်များကို ကိုး ကားထားပြီး ရခိုင်ဒေသသမိုင်း အကျဉ်းချုပ်ကိုလည်း ဖော်ပြထား သည်။ Ref:dhakatribune.com