23 December 2017

အစ္စလမ် အစွန်းရောက် ၂၀လောက်ကို မလေးရှားရဲတပ် ဖမ်းဆီး


23 December 2017     RFA Burmese



ဖိလစ်ပိုင်နိုင်ငံကို သွားပြီး အဘူ-ဆာရတ်ဖ်သူပုန်တွေနဲ့ ပူးပေါင်းဖို့ ကြံစည်နေသူ အစ္စလမ် အစွန်းရောက်အဖွဲ့ဝင် ၂၀လောက်ကို မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ က ဖမ်းဆီးနိုင်လိုက်တယ်လို့ ရဲဖက်ပြောခွင့်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အိုင်အက်စ် အစွန်းရောက်အဖွဲ့နဲ့ အတူ လက်တွဲတိုက်ခိုက်ခဲ့ကြပြီး အရေးမလှလို့ ပြန်လာကြသူတချို့ဟာ အရှေ့တောင်အာရှနိုင်ငံတွေကို ပြန်လာကြပြီး ဒေသခံ အစိုးရတွေကို ဒုက္ခပေးလိမ့်မယ်လို့ အကဲခတ်တွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲံ နိုဝင်ဘာလ နဲ့ အခုလ အတွင်း မလေးရှား နိုင်ငံတလွှားမှာ အဖမ်းအဆိးတွေ လုပ်ခဲ့တာမှာ အင်ဒိုနီးရှားနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူလို့ ယူဆရတဲ့ JAD အဖွဲ့က ခေါင်းဆောင်တဦးလဲ ပါဝင်တယ်လို့ ဆိုပါတယ်။