Democracy today
ရန်ကုန်၊ ဒီဇင်ဘာ ၁၂- မြန်မာ အပါအဝင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအနေနှင့် ဒီဇင် ဘာ ၃၁ ရက် နောက်ဆုံးထားထွက် ခွာရန် မလေးရှားအစိုးရမှ ကြေညာ လိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂- မြန်မာ အပါအဝင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအနေနှင့် ဒီဇင် ဘာ ၃၁ ရက် နောက်ဆုံးထားထွက် ခွာရန် မလေးရှားအစိုးရမှ ကြေညာ လိုက်သည်။
အဆိုပါ ကြေညာချက်ကို မလေးရှားအစိုးရက ယခုရက်ပိုင်း အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တရားမဝင်နိုင်ငံခြားသား အလုပ် သမားများအနေဖြင့် ゞင်းနိုင်ငံအတွင်း မှ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ထွက်ခွာရန်နှင့် ဒီဇင်ဘာ ၃၁ ရက် မှစ၍ တရားမဝင်လုပ်သားဖမ်းဆီး မှု စတင်မည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်ဟု မလေးရှားနိုင်ငံအခြေ စိုက် ကပုန်းလူမှုကူညီရေးအသင်း မှ ဒီဇင်ဘာ ၁၂ ရက်က သိရသည်။

လတ်တလောတွင် မြန်မာလုပ် သားများနေထိုင်နေရာ နေရာများ နှင့် ရုံးပိတ်ရက်များတွင် အဓိကထား ဖမ်းဆီးခြင်းဖြစ်ပြီး မလေးရှားအစိုး ရအနေဖြင့် ယင်းနိုင်ငံရောက် တရားမဝင်နိုင်ငံခြားသား အလုပ် သမားများကိုE-Card အထောက် အထားပြုလုပ်ပေးသည့်ရက် ကုန်ဆုံး ပြီဖြစ်သဖြင့် လာမည့်ဒီဇင်ဘာ ၃၁ ရက်မှစ၍ ဖမ်းဆီးမည်ဟု ကြေ ညာခြင်းဖြစ်ကြောင်း ဦးဆန်းဝင်း က ဆက်လက်ဆိုသည်။
""E-Card က မလေးအစိုးရ က အခမဲ့လုပ်ပေးပေမယ့် ကြားပွဲ စားတွေ၊ ကုမ္ပဏီတွေကြောင့် အ ထောက်အထားအားလုံး အပြီးအစီး ဆို ရင်းဂစ် ၇၀ဝ၀ လောက်ကနေ ၈၀ဝ၀ လောက်အထိ ပေးနေရ တော့ လုပ်နိုင်တဲ့ မြန်မာလုပ်သား နည်းတယ်။ မလေးအစိုးရ ထုတ် ပြန်တဲ့ စာရင်းအရဆို E-Card လုပ် တဲ့ မြန်မာလုပ်သားက ၅၀ဝ၀ လောက်ပဲ လုပ်နိုင်ကြတယ်"" ဟု ဦးဆန်းဝင်းက ဆိုသည်။
မလေးရှားတွင် လက်ရှိ၌ တရားမဝင် မြန်မာလုပ်သား သုံး သိန်းခန့်ရှိပြီး ယခုနောက်ပိုင်း မလေး ရှားသို့ မြန်မာလုပ်သားသစ်စေ လွှတ်မှု ပိတ်ထားခြင်းကြောင့် တရား မဝင် အောက်လမ်းမှလာသည့် နည်းလမ်း၊ Visit Visa ဖြင့် လာပြီး မလေးရှားနိုင်ငံတွင်း ရောက်ရှိမှသာအထောက်အထားထပ်မံပြုလုပ်မည် ဟုဆိုကာ ဝင်သည့်နည်းလမ်းများ ဖြင့် တရားမဝင်နေ့စဉ် ဝင်ရောက် နေခြင်းဖြစ်ကြောင်း သိရသည်။
""ရှောင်တိမ်းပြီး လုပ်နေကြရ တာပါပဲ။ အော်ပရာဇီအနေနဲ့ဖမ်း ရင်တော့ ကြောက်ရတာပေါ့။ ပိုက်ဆံ ပေးညှိဖို့ခက်တယ်လေ။ ကျွန်တော် တို့ဆိုရင်တော့ Visit Visa နဲ့လာ တော့ အခုမှအထောက်အထား လုပ်ဖို့ ချိတ်ဆက်တုန်း။ ရောက်တာ တော့ တစ်လလောက်ပဲရှိသေး တယ်""ဟု ပီနန်ရောက် ကိုကျော်မြင့် က ဆိုသည်။
မလေးရှားအစိုးရ၏ ကြေညာ ချက်တွင် မူရင်းအထောက်အထား အစစ်များကိုသာ ပြသရမည်ဖြစ်ပြီး အထောက်အထားအစစ်များ စုံလင် စွာမပြသနိုင်ပါက မလေးရှား လဝ ကဥပဒေဖြင့် အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။