07 December 2017

ဘင်္ဂါလီများနှင့် အတူမနေနိုင်ကြောင်း အမေရိကန်အတွင်းဝန်ကို မောင်တောဒေသခံများ တင်ပြ


ချလူးအောင် Dec 7, 2017 မောင်တော


ဒီဇင်ဘာ ၇ ရက် ၊ ၂၀၁၇ ခုနှစ် ။ ။ အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Mr. John David Galbraith ဦးဆောင်သော ၆ ဦးပါ သံတမန်အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့က မောင်တောဒေသသို့ သွားရောက်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံကာ အကြမ်းဖက်မှုဖြစ်စဉ်များနှင့် လက်ရှိအခြေအနေများကို မေးမြန်းခဲ့သည်။


၎င်းအတွင်းဝန်သည် အင်းဒင်ကျေးရွာသို့ သွားရောက်ကာ ဒေသခံတိုင်းရင်းသားများကို ဘင်္ဂါလီများနှင့် အတူတကွနေထိုင်လျှင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာနိုင်သလားဟု မေးမြန်းမှုကို ယင်းရွာဒေသခံ ဦးအေးတင်မောင်က ယခုလို ဖြေကြားခဲ့သည်။
“ ဘင်္ဂလီတွေက ကိုယ့်အိမ်​ကိုယ်မီးရှို့ပြီးမှ ထွက်​​ပြေးတာ၊ ရင်းနှီးတဲ့သူ​တွေက ကျွန်တော်တို့နဲ့ အဆက်​သွယ်​လုပ်ရင်​ ခိုးပြီး​ပြောရတာ။ အကြမ်းဖက်​သမား​တွေက သိရင်​ သူတို့ကို အသေသတ်​ခံရမှာ၊ အဲ့ဒါကိုကြောက်လို့ မ​ပြောရဲဘူး။ ကျနော်တို့ ​တောင်းဆိုချင်​တာက သူတို့နဲ့ အတူ​နေလို့လုံးဝမရဘူး။ ” ဟု ပြောသည်။
အတွင်းဝန်​ Mr. John David Galbraith သည် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ရခိုင်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ဒေသခံများကို သြဂုတ်လဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း တိုင်းရင်းသားများ၏ အခြေအနေကို မေးမြန်းခဲ့သည်။
ကိုးတန်ကောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက “ ဘင်္ဂါလီတွေမရှိတဲ့အတွက် စိတ်ချမ်းသာစွာနဲ့ နေထိုင်ရကြောင်း၊ အရင်က ဘင်္ဂလီတွေရှိစဉ်က ဒေသခံတွေအနေနဲ့ ဟင်းရှာ၊ ငါးရှာ မသွားရဲကြောင်း၊ အခု စိတ်ချမ်းသာစွာနဲ့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ကြောင်း ” ဖြေကြားခဲ့သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလက ကိုးတန်ကောက်စခန်းအား တိုက်ခိုက်ရာတွင် ကိုးတန်ကောက်ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများ ပါဝင်ခဲ့ကြောင်း၊ ယခုနှစ် သြဂုတ်လ ဖြစ်စဉ်တွင်လည်း ယင်းကျေးရွာက ဘင်္ဂါလီများကပင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ၄င်းတို့သည် ကလေးလူကြီးများကအစ အားလုံးက အကြမ်းဖက်သမားများဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းဘင်္ဂါလီများ ပြန်လည်ဝင်ရောက်လာပါက ထပ်မံ၍ အကြမ်းဖက်မှူများ ပေါ်ပေါက်လာမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် မိမိတို့ ကျေးရွာများတွင် နေထိုင်ရဲမည်မဟုတ်ကြောင်းကိုလည်း ဦးထွန်းတင်စိုးက ပြောကြားခဲ့သည်။