07 December 2017

ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


ပေါက်တော ဒီဇင်ဘာ(၇)    
Myanmaalinn
ပေါက်တောမြို့နယ်ပိန္နဲချောင်းကျွန်း ကြိမ်နီပြင်အုပ်
စု ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းတွင် ဒီဇင်ဘာ(၇)ရ
က်နံနက်(၉း၄၅)ကမီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားသည်။

ဖြစ်စဉ်မှာကြိမ်နီပြင်ကျေးရွာနေ မာမောက်ဒူယုနေ
အိမ်တွင်ထမင်းချက်ရာမှစတင်ဖြစ်ပွားခဲ့သည်အဆိုပါမီး
လောင်မှုဖြစ်ပွားရာတွင် ၈ခန်းတွဲအဆောက်အဦး(၄)လုံး
လုံးချင်းအိမ်(၁၀)ဆောင်လောင်ကျွမ်းသွားပြီးထိခိုက်ဒဏ်ရာ

ရရှိသူနှင့်သေဆုံးသူမရှိဘဲ ပေါက်တောမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇော်ညွန့်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ တို့နှင့်မြို့နယ်ရဲတပ်ဖွဲ့တို့မှအချိန်မီspeed boat ဖြင့်သွားရောက်ငြိမ်း
သတ်ကြ၍နံနက်(၁၀း၂၀)မိနစ်အချိန်တွင်မီးငြိမ်းသွားပြီးဆုံးရှုံးမှုတန်ဖိုးမှာကာလတန်ဖိုးငွေကျပ်(၂၃၀)သိန်းဖြစ်ကြောင်းသိရှိရသည်
ကျော်သန်း