06 December 2017

မောင်တောမြို့ ၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာတာဝန်ခံ အသတ်ခံရ

ဒီဇင်ဘာ ၆၊၂၀၁၇

မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ ရှော်ဖိတ်အာမန် (၃၄)နှစ် နေအိမ်သို့ ဒီဇင်ဘာ ၅ ရက် ည ၉ နာရီခွဲတွင် လူနှစ်ဦး(စီစစ်ဆဲ) ဝင်လာ၍ သေနတ်ဖြင့် ပစ်ပြီး ဓါးဖြင့် ခုတ်ခဲ့ရာ ရှော်ဖိတ်အာမန်တွင် ဝမ်းဗိုက်ပေါက်ထွက်၊ လည်ဂုတ်၊ ညာလက်ဖျံ၊ ဘယ်ပခုံး ပြတ်ရှ ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ မိနစ် ၄၀ တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ စစ်ဆေးရာ ၇.၆၂ ကျည်ခွံ တစ်ခု နှင့် အိမ်နံရံအတွင်းမှ ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့သည်။

ရှော်ဖိတ်အာမန်အား ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခဲ့သူ နှစ်ဦး (ဖမ်းမမိ)အား မကျီးချောင်းနယ်မြေစခန်း၌ (ပ) ၆၅/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄၊ လူသတ်မှု ၊ ပူးပေါင်းကြံစည်မြှုဖင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။

လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ကားပစ်စတင် အခွံ ၉၇ လုံးတွေ့ရှိ
မောင်တောမြို့နယ် ၊ ကျောက်ပန္တု(စေတီ) ကျေးရွာ မွတ်စလင်များ နေထိုင်သည့် မီးလောင်ထားသော နေအိမ်များ၏ အနောက်ဖက် ၈ ပေခန့်အကွာ၌ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ပစ်စတင်အိုးများ ထည့်ထားသည့် ပလပ်စတစ်ပုံး တစ်ပုံးအား မြေကြီး အတွင်း၌ မြှုပ်နှံထားသည်ကို တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့မှ တူးဖေါ်ခဲ့ရာ ပလပ်စတစ်ပုံးထဲတွင် ယမ်းမထည့်ရသေးသည့် ကားပစ်စတင် စုစုပေါင်း ၉၇ လုံးအား တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်းသိရသည်။