06 December 2017

ကျောတွင်စက်တပ်ထားသောလင်းယုန်တစ်ကောင်မင်းကင်းမြို့နယ် သာစည်ကျေးရွာတွင်ဖမ်းမိ


Myanmaalinn   ဒီဇင်ဘာ  ၅  

ကျောတွင်စက်တပ်ထားသော လင်းယုန်တစ်ကောင်ကို စစ်ကိုင်းတိုင်းဒေသကြီးမင်းကင်းမြို့နယ် သာစည်ကျေးရွာတွင်ဒီဇင်ဘာလ၆ရက်နံနက်ကဖမ်းမိခဲ့ကြောင်း
သိရသည်။


``ဒီမနက်ရွာနားကကောက်ရီုးပုံမှာလာနားတုန်း ရွာသားတစ်ဦးကလေးခွနဲ့ပစ်ဖမ်းလိုက်တာပါ။ဘာ့ကြောင့်စက်တပ်ထားတယ်။ဘာစက်ဆိုတာကိုတော့မသိပါဘူး´´ဟုမင်းကင်းဒေသခံကိုကျော်မျိုးလင်းကဆိုသည်။


လင်းယုန်၏ကျောတွင်စက်တပ်ဆင်ထားသည့်အပြင် ခြေထောက်တွင်လည်းအမှတ်စဉ်ပါသည့်သံကွင်းတစ်ခုတပ်ဆင်
ထားကြောင်းသိရသည်။
မင်းကင်းမြို့နယ် တောင်တွင်းချောင် ၃၆ရွာမှတစ်ရွာအပါအဝင်ဖြစ်သည့် သာစည်ရွာ၏အပြင်ဖက်ကောက်ရိုးပုံပေါ်နားနေစဉ်လင်းယုန်ငှက်ကိုရွာသားတစ်ဦးကလေးခွဖြင့်ပစ်ပြီးအသက်ရှင်လျက်ဖမ်းမိ
ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။