21 January 2018

ကျောက်ဖြူ-ရန်ကုန်ကားလမ်းတွင် လမ်းခင်းလျက်ရှိသည့် လမ်းကြိတ်စက်ရိုလာ နှစ်စီး ညအချိန်တွင် ဖျက်ဆီးခံရ


ကျောက်ဖြူ - ဇန်နဝါရီ ၂ဝ     2018






ကျောက်ဖြူ-ရန်ကုန်ကားလမ်း(ကျောက်ဖြူမြို့နယ်အပိုင်း) ရေမျက်ကျေးရွာအုပ်စု ရေမျက်ကျေးရွာနှင့် ကျူလွင့်ကျေးရွာကြား မိုင်တိုင်အမှတ် ၈၇ နှင့် ၈၈ အကြား ၌ လမ်းဦးစီးဌာနက လမ်းခင်းလျက်ရှိရာ ဇန်နဝါရီ ၁၉ ရက် ညက လမ်းလုပ်ငန်း ခွင်အတွင်း ရပ်နားထားသည့် လမ်းကြိတ်စက် ရိုလာနှစ်စီးကို အမည်မသိ လူတစ်စုက မီးရှို့ဖျက်ဆီးသွားခဲ့သည့်အတွက် ရိုလာနှစ်စီးအနက် တစ်စီးမှာ လုံးဝပျက်စီးသွားခဲ့ ပြီး ကျန်တစ်စီးမှာ အနည်းငယ်ပျက်စီးသွားခဲ့သည်။

အဆိုပါလမ်းပိုင်းအား ကျောက်ဖြူမြို့နယ် လမ်းဦးစီးဌာနမှ အလုပ်သမား ခေါင်းဆောင် ဦးစိုးမိုးသူ (၃၄ နှစ်) ရွှေတောင်မြို့ ပဲခူးတိုင်းဒေသကြီးနေထိုင်သူက ကြီးကြပ်လုပ်ကိုင်လျက်ရှိပြီး ၄င်းမှာဇင်ချောင်းတွင် အခြေပြု ညအိပ်ရပ်နားကာ နေ့ဘက်တွင် လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်လျက်ရှိရာ ဇန်နဝါရီ ၂ဝ ရက် နံနက် ၄ နာရီ အလုပ်သမားများ ကတ္တရာကျိုရန် လာရောက်သည့်အခါမှသာ ရိုလာနှစ်စီး အား မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လမ်းဦးစီးဌာနမှ လက်ထောက် အင်ဂျင်နီယာ၊ စနဲမြို့အုပ်ချုပ်ရေးမှူးတို့က အခင်းဖြစ်နေရာသို့ သွားရောက်ပြီး ရေမျက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ မီးရှို့သူအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn