12 January 2018

“အလုပ်သမားအရေးကူညီသူကိုလုပ်ငန်းရှင်ကပြန်လည်ခြိမ်းခြောက်”

                             
၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၂    ရွှေလုပ်သား


         အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရသည့် မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်သူအား လုပ်ငန်းရှင်များကပြန်လည်ခြိမ်းခြောက်ရကြောင်း ကာယကံရှင်ကပြောသည်။


    ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ထလန်မြို့နယ် ပေါက်ခေါရပ်ကွက် တွင်ရှိသော Phuket Mankong  ဆောက်လုပ်ရေးကုမ္ပဏီ အလုပ်လုပ်နေကြသော ရခိုင်နှင့်ဗမာ အလုပ်သမား ၃၆ ဦးတို့က မိမိတို့ငွေများဖြင့် လုပ်ကိုင်ထားသည့် CI စာအုပ်အား ကိုင်ဆောင်ထားလိုကြောင်း တောင်းဆိုကြသည်။ လုပ်ငန်းရှင် ကမပေးပဲ ဦးဆောင် ပြောဆိုသည့် အလုပ်သမားတစ်ဦးအား စွတ်ကျယ်အဂျီစုတ်ပြဲသည်အထိ ဆွဲတွန်းခံခဲ့ရပါသည်။




အရိုက်ခံရသူ ရခိုင်အလုပ်သမား ဦးသိန်းလှိုင် က“CI စာအုပ်အတွက် ကျွန်တော်တို့အလုပ်သမား တစ်ယောက်ကို ဘတ်ငွေ ၇၅၀၀ နုန်းဖြင့် ဖြတ်တောက်ပြီး သူဌေးမ ကလုပ်ပေးခဲ့ပါတယ်။ ထို CI စာအုပ်ကိုင်လိုကြောင်းကျနော်က ဦးဆောင်ပြီးပြောပါတယ်။ ညနေပိုင်းတွင် သူဌေးမက ခေါ်၍ လက်မှတ် ထိုးခိုင်း ပါတယ်။ သူဌေးက အင်းကျီကိုဆွဲ၍ ရိုက်ဖို့လုပ်ပေမယ့် သူဌေးမ ကတားသဖြင့်မရိုက်ခဲ့ပါ၊ အခု ကျနော်တို့ အလုပ်သမားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်” ဟုပြောသည်။

အလုပ်သမား ၁ဦးနှင့်ကျား ၃၅ ဦးတို့၏ အရေးကိစ္စကို နောက်ကွယ်မှာ ကူညီဆောင်ရွက်ပေးနေသူ ဖူးခက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ယက်မှ ဥက္ကဌ ကိုခိုင်အတ ကကိုခိုင်အတက


“ လုပ်အားခလည်းနည်းနည်းကျန်သေးတယ်။ စာအုပ်ကိုလည်းတောင်းမရဘူး။ ရဲကအမှုမဖွင့်လို့ ပြည်နယ်မှုအထိ သွားတင်ပြမှ ရဲက အမှုကိုလက်ခံတာပါ။ လုပ်ငန်းရှင်သူဌေးက ဒီကိစ္စကို ဘယ်သူကူညီပေးသလဲလို့ စုံစမ်းတယ်။ ကျနော်လည်း အလုပ်သမားသံအရာရှိကို စလုပ်ကတည်းက သတင်းပို့ထားပါတယ်။ သူတို့လည်း ကူညီပေးမယ် ပြောပါတယ်။ ဒီနှစ်ထဲမှာ အလုပ်သမားကိစ္စတွေကို ကျနော်ရှေ့ကိုထွက်လုပ်လို့မရအောင် ခြိမ်းခြောက်၊ အကျပ် ကိုင်ထားတာကိုခံထားရတာပါ”ဟုပြောသည်။


         Phuket Mankong   ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းရှင်သည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလက ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ ကျောက်တန်းရွာမှ ဦးရွှေကြီး ဆိုသူသည် သားကိုရှင်ပြုရန် နေရပ်သို့ခေတ္တပြန်လိုသဖြင့် ပန်းရောင် ဘတ်ကဒ်ဖြင့် တောင်းခံမရ၍ ပုလိပ်အဖမ်းခံ၍ (ပွဲစားဖြင့် ရန်ကုန်တရောက် ဘတ်ငွေ ၆၀၀၀) အကုန်ခံ၍ ပြန်သွားခဲ့ရ သည်။