15 January 2018 BBC Burmese
ပြည်ထောင်စု ဝန်ကြီးတွေကို အရေးပေါ် ခေါ်ယူတွေ့ဆုံခဲ့မှုမျိုး မရှိခဲ့ကြောင်း တာဝန်ရှိသူတွေပြော |
သို့ပါသော်လည်း ယင်းတွေ့ဆုံမှုမျိုး မရှိခဲ့ပါဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်သွယ် အကြောင်းကြားလာပါသဖြင့် ထပ်မံစိစစ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် မပြီးပြတ်သေးသည့် လုပ်ငန်း ကိစ္စများကို ဝန်ကြီးအချို့ နှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ဆွေးနွေးတတ်သော်လည်း ဇန်နဝါရီလ ၁၄ ရက်နေ့ညက ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုမျိုး မရှိခဲ့ဟု သိရှိရပါသည်။ ထို့ကြောင့် ဘီဘီစီမှ မှားယွင်းဖော်ပြခဲ့မှုဖြစ်ကြောင်း ပြင်ဆင် ဖော်ပြအပ်ပါသည်။