17 January 2018

ဒေါက်တာအေးမောင် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရ

News Watch
၁၇.၁.၂၀၁၈

ဇန်နဝါရီ ၁၅ ရက် ညက ရသေ့တောင်မြို့ ၌ (၂၃၃) နှစ်မြောက် ရခိုင်ဘုရင် အချုပ်ခြာအာဏာကျဆုံးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော စာပေဟောပွဲတွင် ပါဝင်ဟောကြားခဲ့သူ ရခိုင်အမျိုးသားပါတီ ဥက္ကဌဒေါက်တာ အေးမောင်အား မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားကြောင်း ရသေ့တောင်မြို့မစခန်းမှ ဒု-ရဲမှူးကျော်နုက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ပါဝင်ဟောပြောခဲ့သည့် ရခိုင်လူငယ်စာရေးဆရာ ကိုဝေဟင်အောင်အားလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (ခ)၊ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်၍ ဖမ်းဆီးထိန်းသိမ်းထားသည်။


ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးနေ့ အခမ်းအနားကို မြောက်ဦးမြို့တွင် ကျင်းပခွင့်အရသဖြင့် ဇန်န၀ါရီ ၁၆ ရက်တွင် ဆန္ဒပြကန့်ကွက်မှုများဖြစ်ပွားခဲ့ရာ ဆန္ဒပြသူများက ရဲစခန်းကို ၀ိုင်းအုံဆန္ဒပြခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ မိုးပေါ်သို့သေနတ်ထောင်ပစ်၍ လူစုခွဲသော်လည်း အခြေအနေကို မထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ထို့နောက် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်အထိ မြောက်ဦးမြို့ခံ ၇ ဦး သေနတ်ထိမှန်၍သေဆုံးခဲ့ရပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။