15 January 2018

ဗိုလ်ကြီးဟောင်း နေမျိုးဇင် က ကာချုပ် မင်းအောင်လှိုင်သို့ ရေးသည့်စာ

သို့
လေးစားပြတ်​သားစွာဖြင့်
တင်​ပြသတိ​ပေးအပ်​ပါသည်​။
စစ်​တက္ကသိုလ်​ ဆင်း ကာချုပ်​ခင်​ဗျား။

အမိမြန်​မာပြည်​​ထောင်​စုသားများ
စိတ်​နှလုံး​သောက
ဖိစီး မွဲ​တေ ဆင်းရဲခဲ့သည်​မှာ
လူ့သက်​တမ်းတခုစာမက
ကြာခဲ့ပါပြီ။



အမွဲဆုံးတိုင်းပြည်​ အဖြစ်
ဂုဏ်​နိမ့်​​နေရသည်​မှာလည်း
ကြေကွဲစရာ ကြာခဲ့ပါပြီ။
တိုင်းပြည်​ကိုမွဲ​စေခဲ့တဲ့
ပြည်​တွင်းစစ်​ဖြစ်​ခဲ့တာလည်း
ကာချုပ်​တသက်​ နီးပါးကြာခဲ့ပြီ။
တရားဥပ​ဒေ မစိုးမိုးခြင်း
နှစ်​ ​လေးဆယ်​ခန့်​ ကြာခဲ့ခြင်းအတွက်
တရားဥပ​ဒေစိုးမိုး​ရေး တာဝန်​ရှိသူများ အရှက်​မဲ့စွာ
မျက်နှာ​ပြောင်​တိုက်​ခဲ့သည်​မှာလည်း
ယ​နေ့တိုင်​။

စစ်​အာဏာရှင်​​ဟောင်း နဲ့
ဆွေ​တော်​မျိုး​တော်​ တသိုက်
ပြည့်​​စုံ ကြွယ်​ဝ
ကျိကျိတက် ချမ်းသာကုံလုံ
လွန်းသ​လောက်
ပြည်​သူနဲ့ ​အောက်​​ခြေ
တပ်​မ​တော်​သား​တွေ
ဆင်းရဲ လွန်းလှပါပြီ။

နိုင်​ငံခြား​ကြွေးမြီကလည်း 
ကြောက်​ခမန်းလိလိ တင်​​ခဲ့ပါပြီ။
နောက်​ဘဝကူး ဆပ်​သည့်​တိုင်
ကြေအုံးမည်​မထင်​။

လူကြီးမင်းအ​နေနဲ့ သက်​တမ်းကုန်​​သော်​လည်း လိုအပ်​လို့ ဆိုပြီး ကာချုပ်​တာဝန်
ဆက်​လက်​ ထမ်း​ဆောင်​လိုတယ်​ ဆိုရင်
ပြည်​​ထောင်​စုသား အားလုံး
တောင့်​တ​နေတဲ့
ညိမ်းချမ်း​ရေး
(ငါ့ အတွက်​ ရသ​လောက်​ရစ်​ပြီး အလုံးကြီးထိပ်​မှာတင်​တဲ့ ငြိမ်း ကို မကြိုက်​သည့်​အတွက်​ ညိမ်းချမ်း ဟု​ရေးပါသည်​။
ညိမ်းချမ်း​ရေးကိုမဖြစ်​မ​နေ
တည်​​ဆောက်​နိုင်​​ရေးအတွက်
နှစ်​ဖက်​မျှတဲ့ အ​ဖြေ ကိုရှာဖို့
ကြိုးစားပါ။

အိမ်​နီးချင်း နိုင်​ငံ​တွေ​အောက်
အလွန်​နိမ့်​ကျ​နေရ​သော
အမျိုးသား​ရေးဂုဏ်​သိက္ခာ​ပျောက်ဆုံးမှု​အဖြစ်​ဆိုးကို
ကယ်​တင်​နိုင်​ဖို့ နည်းလမ်း ရှာပါ။
ဖြစ်​တန်​စွမ်း နည်းလမ်းရှာ
နှစ်​ဖက်​ အပြစ်​ သင်​ပုန်း​ခြေ
ပွင့်​လင်းရိုးသား​ဖြောင့်​မတ်​ရဲရင့်​ခဲ့တဲ့
လူကြီးလူ​ကောင်း ​တွေ အဖြစ်
သမိုင်းတွင်​ ကျန်​ရစ်​ပါ​စေ။
ညိမ်းချမ်း​သော ပြည်​​ထောင်​စု အဖြစ်​ ကာချုပ်​လက်​ထက်​မှာ
မ​ဆောင်​ရွက်​နိုင်​လောက်​ဘူးဆို​ရင်
သက်​တမ်းပြည့်​ ပင်​စင်ယူပြီး
ငြိမ်းချမ်းစွာ အနားယူ​စေချင်​ပါတယ်​။

တိုင်းပြည်​တိုးတက်
ညိမ်းချမ်း​အောင်
ဆောင်​ရွက်​နိုင်​မယ့်​ စစ်​သားစစ်​စစ်​ကို တာဝန်​​ပေးအပ်
လွဲ​ပြောင်း ပြီး တာဝန်လွဲခဲ့သည်
ဆို​သော
ပြည်​သူအားလုံး ထာဝစဉ်​ဂုဏ်​ယူရမည့်
ယောင်္ကျား​ကောင်းတို့ သတ္တိကို
ပြသခဲ့​စေချင်​ပါသည်​။

ပြည်​​ထောင်​စုတိုင်းရင်းသားများ လိုလား​မျှော်​လင့်​တဲ့ ညိမ်းချမ်း​သော ဖယ်​ဒရယ်​ ပြည်​​​ထောင်​စု အဖြစ်
တည်​​ဆောက်​ပုံ​ဖေါ်ဖို့
မစွမ်း​ဆောင်​နိုင်​​တော့ဘူး ထင်​ရင်
ကာချုပ်​ အငြိမ်းစား
အဖြစ် တရားဝင်​ ​အနားယူ ​ပေးပါ။
ပြည်​သူအများ​မျှော်​လင်​​နေ​သော
ညိမ်းချမ်းတည်​ငြိမ်​ တန်းတူမျှတ
လွတ်​လပ်​​သော
ဖယ်​ဒရယ်​ပြည်​​ထောင်​စု အဖြစ်
တည်​​ဆောက်​ရန်
ပြည်​သူ့အစိုးရ နဲ့ လက်​တွဲပြီး
အ​ကောင်​အထည်​​​ဖေါ်ဖို့
ပြတ်​သား​သော ရည်​မှန်းချက်​ မရှိပဲ
စစ်​အာဏာရှင်​​ဟောင်းများ အလိုကျ
မှုန်​ဝါးဝါး မိန့်​ခွန်းများဖြင့်
ပြည်​သူကို အလိုမကျ
ဖြစ်​​နေ​စေအုံးမည်
ဆိုပါက.......
လူထု ​ခေါင်း​ဆောင်
ဦး​ဆောင်​​သော
ဒီမိုက​ရေစီ အသွင်​ကူး​ပြောင်း​ရေး
လုပ်​ငန်းစဉ်​များကို
ပူး​ပေါင်း​ဆောင်​ရွက်​ခြင်း မရှိ
ငါတ​ကော ​ကော​နေအုံးမည်​ ဆိုပါက

ကမ္ဘာ့ နှင့်​ မြန်​မာ့ ဥပ​ဒေအတိုင်း
စစ်​ဥပ​ဒေအတိုင်း
မလိုက်​နာနိုင်​သူ
ပြည်​သူ့လိုလားချက်​ကို
မစွမ်း​ဆောင်​နိုင်​သူ
မည်​သူကိုမဆို
အလိုမရှိ​ကြောင်း

ဖယ်​ရှား​ပေးပါရန်
ဆန္ဒ​ဖေါ်ထုတ်​ခြင်း
လူထုလှုပ်​ရှားမှုအား
တပ်​မ​တော်​သား​ဟောင်းများ
အ​နေဖြင့်​ ​စိတ်​မ​ကောင်းစွာ
ဆောင်​ရွက်​ရ​တော့မည်​ ဖြစ်​ပါ​ကြောင်း
တိုင်းပြည်​​ကောင်းစား​ရေး
မစွမ်း​ဆောင်​နိုင်​​သေးသူ
လူကြီးမင်းအား ရို​သေ​လေးစားစွာ
သတိ​ပေးအပ်​ပါသည်​။

နေမျိုးဇင်
ကြည်း ၂၉၄၄၄
စစ်​တက္ကသိုလ်​ ၃၉
အောင်​​ဇေယျတပ်​ခွဲ
ဗလ ၄၆၇၆