2018 ဘန်ကောက် ဇန်နဝါရီ ၂ဝ The Union Daily
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်၌ ထိုင်း စစ်တပ်ကအုပ်ချုပ်နေမှုကို ဆန့်ကျင်သည့်ဆန္ဒ ပြမှုများယနေ့နံနက်ပိုင်းမှစတင်ကာ ပေါ်ထွက် ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြ သည်။
ဆန္ဒပြသူများသည် ဘန်ကောက်မြို့မှ နိုင်ငံအရှေ့မြောက်ပိုင်းရှိKhon Kaen မြို့အထိ ချီတက်ကာဆန္ဒပြရန် စီစဉ်ထားခဲ့သော်လည်း ထိုင်းအစိုးရက လုံခြုံရေးအဖွဲ့ဝင်များဖြင့် တားဆီးခဲ့သောကြောင့် ရည်မှန်းချက်အတိုင်း လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။
၂ဝ၁၄ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သည့် ထိုင်းစစ်တပ်သည် ယခုနှစ်အတွင်း၌ ရွေးကောက်ပွဲကျင်းပကာ အာဏာပြန်လည်အပ်နှင်းရန် စီစဉ်လျက်ရှိ သော်လည်း ရွေးကောက်ပွဲကျင်းပမည့်အစီ အစဉ်ကို ရွှေ့ဆိုင်းမည်ဟုယူဆနိုင်သောဖြစ်စဉ် များရှိနေခြင်းကြောင့် ဆန္ဒပြမှုများပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့အာဏာကို ရယူခဲ့ ပြီးနောက်ပိုင်းတွင် ထိုင်းစစ်တပ်သည် အများ ပြည်သူနှင့်ဆိုင်သောနေရာများ၌ စည်းရုံးခွင့်၊ ဟောပြောခွင့်များ မပြုလုပ်ရန် ကန့်သတ်ထား သောကြောင့် ဆန္ဒပြသူများသည် တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ် သည်။
ဆန္ဒပြသူများထဲမှ ရာဂဏန်းခန့်ကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့က ဆန္ဒပြသူများ ဖမ်းဆီးထိန်းသိမ်းခံရခြင်းအပေါ် စိုးရိမ်မိ ကြောင်း သတင်းထုတ်ပြန်သည်။