14 January 2018

တက္ကစီဌားစီးရာမှ အမေရိကန်ဒေါ်လာငွေများနှင့်အခြားပစ္စည်းများ မေ့ကျန်ခဲ့သူ အမေရိကန်နိုင်ငံသားအား ယာဉ်မောင်းမှ ပစ္စည်းများ ပြန်လည်ပေးအပ်



ရန်ကုန် ဇန်နဝါရီ ၁၄    Myanmar Update News Agency - MUNA
ရန်ကုန်မြို့တွင် တက္ကစီဌားစီးရာမှယာဉ်ပေါ်တွင် ကျောပိုးအိတ် ကျန်ခဲ့သော အမေရိကန်နိုင်ငံသားပိုင် ပစ္စည်းများအား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တာဝန်ရှိသူများ၏ ကြိုးစားစုံစမ်းမူကြောင့် ယာဉ်မောင်းနှင့်အဆက်သွယ်ရရှိကာ ပိုင်ရှင်ထံပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။


ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့တပ်ဖွဲ့စု(ရန်ကုန်)၏ ရုံးတွင် ဒုရဲအုပ်သက်ကိုကိုဦးနှင့်တပ်ဖွဲ့ဝင်များသည် လုပ်ငန်းတာဝန်များထမ်းဆောင်နေစဉ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ပုလဲကွန်ဒိုအိမ်ယာတွင်တည်းခိုနေထိုင်နေသူ အမေရိကန်နိုင်ငံသား Mr.PAULANT HONY LARMON ရောက်ရှိလာပြီး ဇန်နဝါရီလ ၁၂ ရက်နေ့က နေထိုင်ရာအိမ်ယာမှ ၅၂ လမ်းသို့ သွားစဉ် တက္ကစီဌားစီးခဲ့ရာမှ ၎င်းပိုင်ဆိုင်သော ကျောပိုးအိပ်အနက်ရောင်သည် တက္ကစီပေါ်သို့မေ့ကျန်ခဲ့ကြောင်း လာရောက်အကူညီတောင်း သတင်းပေးပို့ချက်အရ တပ်ဖွဲ့စု (ရန်ကုန်)မှ ဒုရဲအုပ်သက်ကိုကိုဦး နှင့်တပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များအတွင်းဆက်သွယ်စုံစမ်းခဲ့ရာ 

ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် တက္ကစီယာဉ်မောင်း ကိုစန်းယု ၄၃ နှစ် ၁၃၃ရပ်ကွက် ဒဂုံအရှေ့ပိုင်းမြို့နယ် နေသူနှင့်အဆက်သွယ်ရရှိခဲ့ရာ ယာဉ်မောင်းမှာ ယာဉ်ပေါ်တွင်ပါရှိလာသော ကျောပိုးအိတ်အား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(ရန်ကုန်) ၏ ရုံးသို့ လာရောက်ပေးအပ်ခဲ့ရာ အိတ်အတွင်း မှ အမေရိကန်ဒေါ်လာတစ်ရာတန်(၁၄၂)ရွက် ငါးဆယ်တန်(၁)ရွက် တစ်ဆယ်တန်(၂)ရွက် ပတ်စပို့စာအုပ်(၂) အုပ် Microsoft အမျိုးအစားလက်ပ်တော့အနက်ရောင်တစ်လုံး ကာလတန်ဖိုး(၁၃)ခန့်တန်ဖိုးရှိ တို့အား သက်ဆိုင်ရာရှေ့တွင်ပိုင်ရှင်ဖြစ်သူအမေရိကန်နိုင်ငံသားထံ လက်ဝယ်ပြန်လည် ပေးအပ်ခဲ့သည်။
အမေရိကန် နိုင်ငံသားMr.PAULANT HONY LARMON မှာ တပ်ဖွဲ့ဝင်များနှင့် ကျောပိုးအိတ်ပြန်လည်ပေးအပ်ခဲ့သောတက္ကစီယာဉ်မောင်းအား အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး ယာဉ်မောင်းအား အမေရိကန်ဒေါ်လာ ၁၀၀၀ အားပြန်လည် ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။
By - NSM