21 January 2018

ထိုင်းအစိုးရဝန်ကြီးများ၏ ပိုင်ဆိုင်မှုပစ္စည်းများ စာရင်းထုတ်ပြန်



ဘန်ကောက်၊ ဇန်နဝါရီ ၂၀

ထိုင်း အစိုးရအဖွဲ့ ဝန်ကြီးအသစ်များ မကြာမီ ဝန်ကြီးရာထူး စွန့်လွှတ် တော့မည့်သူများ၏ ပိုင်ဆိုင် ပစ္စည်း စာရင်းကို အများပြည်သူသို့ ထုတ်ပြန်ပြသလိုက်ကြောင်း ဇန်န ဝါရီ၂၀ရက် ဘန်ကောက်ပိုစ့်သတင်း ကဆိုသည်။ ထိုစာရင်းအရ ကုန် သွယ်ရေး ဒုဝန်ကြီး ချူတီမာသည် အချမ်းသာဆုံး ဖြစ်ကြောင်းသိရသည်။




ဒုဝန်ကြီးချုပ် ပရာဝစ်၏ အဖိုး တန်လက်ပတ်နာရီ ၂၅လုံးကိစ္စ စုံ စမ်းစစ်ဆေးနေသော အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး အမျိုးသား ကော်မရှင် (NACC)က အဆိုပါ စာရင်းကို ထုတ်ပြန်ပေးလိုက်ခြင်းဖြစ် သည်။ထိုစာရင်းထဲတွင် ယခင်နှစ် နို ဝင်ဘာလကဝန်ကြီးဖြစ်လာသူများ ယခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီးရာ ထူးလက်လွှတ်ရမည့်သူများပါဝင် သည်။ စာရင်းထဲတွင် ဆွေမျိုးသား ချင်းများ၏ ပိုင်ဆိုင်မှုများကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။

ဝန်ကြီးအဖွဲ့ထဲတွင် အချမ်းသာ ဆုံးပုဂ္ဂိုလ်မှာ ကုန်သွယ်ရေး ဒုဝန်ကြီး ချူတီမာဖြစ်သည်။ ၄င်းသည် ဘတ် ငွေ ၂၃၈ ဒသမ ၈ သန်းြွကယ်ဝသည် ဟု ကြေညာထားသည်။ ထိုအထဲမှ ၁၃၄ ဒသမ၉ သန်းမှာ ရင်းနှီးမြုပ်နှံမှု များဖြစ်သည်။ စုစုပေါင်း ဘတ်နှစ် သိန်းတန်ကြေးရှိသော လက်ပတ် နာရီ ၁၀ လုံးလည်း ပိုင်ဆိုင်ထားသည်။

ယခင် ကြေညာခဲ့သောြွကယ် ဝမှုထက် ယခု လျော့နည်းသွားသည့် တစ်ဦးတည်းသော ဝန်ကြီးမှာ သိပ္ပံ နှင့်နည်းပညာဝန်ကြီးဟောင်းအက် စရာကာဖြစ်သည်။ ၄င်းသည် ၂၀၁၆ ခုနှစ်က ဘတ် ၈၂ သန်းြွကယ်ဝခဲ့သော်လည်း ယခု ၇၂ ဒသမ ၃သန်းသာြွကယ်ဝတော့သည်ဟု စာရင်းတွင် ဖော်ပြပါရှိသည်။

ပို့ဆောင်ရေးဒုဝန်ကြီး ပိုင်လင်က ဘတ် ၁၇၉ သန်း၊ ဝန်ကြီးချုပ်ရုံး ဝန် ကြီးကော့ဆက်မှာ ၂၃ သန်း၊ ကာ ကွယ်ရေး ဒုဝန်ကြီးချိုင်ချန်မှာ သန်း ၃၀၊ ခရီးသွားနှင့်အားကစားဝန်ကြီး ဝိရာဆက်မှာ သန်း ၆၀၊ စွမ်းအင် ဝန်ကြီးဆီရိမှာ ၁၆ သန်း၊ စိုက်ပျိုးရေး ဝန်ကြီး ဂရီဆာဒါမှာ ၁၅ သန်း၊ စိုက် ပျိုးရေး ဒုဝန်ကြီး ဝီဝက်မှာ ၂၉ သန်း၊ စိုက်ပျိုးရေး ဒုဝန်ကြီး လတ်မှာ ၈၅ သန်း၊ ပညာရေးဒုဝန်ကြီး ဥဒုံမှာ ၆၇ သန်း၊ ဒုဝန်ကြီးချုပ် ချက်ချိုင်မှာ ၃၅ သန်း၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး အာနန် တာပုံမှာ ၄၉ သန်း အသီးသီးဖြစ် သည်ဟု စာရင်းတွင် ဖော်ပြထား သည်။

Ref; Bangkok Post
#Democracytoday