16 January 2018

မြောက်ဦးမှာ လူစုလူဝေးကို ရဲက သေနတ်ဖြင့် ပစ်ခတ်၊ ၁၀ ဦး ဒဏ်ရာပြင်းထန်စွာဖြင့် ဆေးရုံတင်ထားရ

16 January 2018   Development Media Group



မြောက်ဦး၊ ဇန်နဝါရီ ၁၆

မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အခမ်းအနား ကျင်းပခွင့် မရခြင်းနှင့် ပတ်သက်ပြီး မြို့ခံများက ခရိုင်ရဲစခန်းနှင့် ခရိုင်ထွေအုပ်ရုံးသို့ လမ်းလျှောက်ချီတတ်ကြရာကနေ လူစုလူဝေး ဖြစ်ကာ ဒေသခံ ရဲများက သေနတ်ဖြင့် ပစ်ခတ်၍ ယခု မြို့ခံ ၁၀ ဦးကို ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရကြောင်း ခိုင်မာသည့် DMG သတင်းရပ်ဝန်းက သိရသည်။

( သေနတ်ဒဏ်ရာကြောင့် ပြင်းထန်ဒဏ်ရာများရရှိထားသည့် မြို့ခံများနှင့် ဒဏ်ရာရသူကို ကူညီပေးနေကြသည့် မြို့ခံများ။ ဓါတ်ပုံ - KMC/DMG)
" ဟုတ်ကဲ့အကို။ အခု ၁၀ ဦး ကို သေနတ်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရပြီ။ လူတွေက ရဲစခန်းကို ခဲနဲ့ ပစ်ဖောက်ရာကနေ ရဲက သေနတ်နဲ့ ပတ်ခတ်တဲ့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ဆေးရုံတင်ထားရတယ်။ လက်တွေ၊ ခြေထောက်တွေ၊ ပခုံးတွေ ခန္ဓာကိုယ်တစ်ခုလုံးပါ ဒဏ်ရာရရှိထားကြတယ်။ " ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

လူစုလူဝေးမှာ အခုအချိန်အထိ ကွဲသွားခြင်းမရှိဘဲ မြို့ခံ ၁၅၀၀ ခန့် ရှိနေကြောင်း သိရသည်။