20 January 2018

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးတိုးမြှင့်


ဇန်နဝါရီ ၂၀ / DMG
ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်လုံးတွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။




လက်ရှိ စစ်တွေမြို့၌ နေရာ ၁၀ ခုတွင် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

မြောက်ဦးဖြစ်စဉ်အတွင်း ဦးဆောင်လှုံ့ဆော်သူများနှင့် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်သားသေဆုံးမှုများနှင်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှု သေခင်းဖွင့်ထားပြီး ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု ရှိ/မရှိကို စုံစမ်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

သတင်း၊ ဓါတ်ပုံ - နေဝင်းစံ၊ DMG (ဓါတ်ပုံမှာ စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းအနီးတွင် လုံခြုံရေးယူထားစဉ်။)