18 January 2018

မြောက်ဦးမြို့ ဆန္ဒပြပွဲတွင် ရဲကပစ်ခတ်၍ သေဆုံးသူ ၇ ဦးကို ယနေ့ ဂူသွင်းသင်္ဂြိုလ်မည်

18 January 2018   နိရဉ္စရာ၊ ဇန်န၀ါရီ ၁၈




ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပခွင့်ပြုရန် ဆန္ဒပြတောင်းဆိုရာ၌ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၇ ဦးတို့၏ အလောင်းများကို ယနေ့ ဇန်န၀ါရီ ၁၈ ရက် နေ့လယ် ၁ နာရီတွင် မြောက်ဦး သင်္ချိုင်း၌ ဂူသွင်းသဂြိုဟ်မည်ဟု သိရသည်။


“သူတို့ ရုပ်အလောင်းကို ထားရှိဖို့ ဂူကို မြောက်ဦးအရေးပေါ် ကယ်ဆယ်ရေးအသင်းက အလှူငွေနဲ့ လုပ်နေကြပါတယ်။ မနက်ဖန် နေ့လယ် ၁ နာရီမှာ ဂူသွင်း သင်္ဂြိုဟ်သွားမှာ ဖြစ်ပါတယ်”ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မြောက်ဦးမြို့တွင် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်နေ့ ကျင်းပခွင့်ကို အာဏာပိုင်များမှ ပိတ်ပင်ပြီးနောက် ဆက်လက်ကျင်းပခွင့်ရရန် ဇန်န၀ါရီလ ၁၆ ရက်နေ့ညဥ့် မြောကှ်ီုး ခရိုင်ရဲစခန်းကို ၀ိုင်းဝန်း ဆန္ဒပြတောင်းဆိုစဉ် ရဲက ပစ်ခတ်၍ သေဆုံးခဲ့ကြသူများ ဖြစ်ကြသည်။

ရဲက ပစ်ခတ်၍ သေဆုံးသူများမှာ မောင်သန်းမောင် (၁၈) နှစ် မြောက်ဦးမြို့နယ် မြက်ရိပ်ကျွန်း ကျေးရွာအုပ်စု၊ ကိုညီညီကျော် (ခ) ညီပု (၃၁) နှစ် မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်၊ မောင်နိုင်ဆန်းချေ (၂၁) နှစ် အောင်တပ်ရပ်ကွက်၊ မောင်ကျော်နိုင်ဝင်း (၂၃) နှစ် အလယ်ဈီးရပ်ကွက်၊ မောင်ကျော်သိန်းစိုး (၂၃) နှစ် တောင်ရပ်ရပ်ကွက်၊ မောင်မင်းကျော်သန်း (၁၆) နှစ် တောင်ရပ်ရပ်ကွက်၊ ဦးအောင်နေလင်း (၃၆) နှစ် လော်ကမူရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

မြောက်ဦးဆေးရုံရှိ သေဆုံးသူ ရုပ်အလောင်းများကို ယမန်နေ့က ဒေသအာဏာပိုင်များက မိသားစု လွဲပြောင်းခဲ့သည်ဟု သိရသည်။