19 January 2018

ပြည်ပလုပ်သားများ ဧပြီလမှစ၍ နေ့တွက်လုပ်အားခတိုးမြှင့်မည့်အကြောင်း ထိုင်းအစိုးရကြေညာ


၁၉.၁.၂၀၁၈ မင်းဘခက်  ရွှေလုပ်သား

  ထိုင်းနိုင်ငံတွင် မြန်မာ အပါအ၀င် နိုင်ငံခြားသားလုပ်သားများ၏ တစ်ရက်လုပ်အားခကို မူလလုပ် အားခထက် ငါး ဘတ်(ကျပ် ၂၀၀) မှ ၂၂ ဘတ်(ကျပ် ၉၀၀)အထိ  တိုးမြှင့်ပေးရန် ထိုင်းအစိုးရက ဇန်န၀ါရီ ၁၇ ရက်တွင် ကြေ ညာ သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ် နေသော မြန်မာလုပ်သားများ အပါအ၀င် နိုင်ငံခြားသားလုပ်သားများသည် တစ်ရက် လုပ်အားခများကို နယ်မြေအလိုက် သတ်မှတ်သည့် နှုန်းထားအတိုင်း ရရှိမည်ဖြစ်သည်။ ထိုင်းအလုပ်ရှင်များ အနေဖြင့် လုပ်အားခတိုးမြှင့်မှုကို ၂၀၁၈ ဧပြီ ၁ ရက်မှ စတင်ရန် ထိုင်းအစိုးရက ကြေညာသည်။


သတ်မှတ်ချက်အရ ဖူးခက်၊ ချွန်ဘူရီ၊ လယောင်းခရိုင်တို့တွင် အလုပ်လုပ်ကိုင်နေသူများအနေ ဖြင့် တစ်ရက်လုပ်အားခ ၃၃၀ ဘတ်(ကျပ် ၁၄,၀၀၀) အမြင့်ဆုံး တိုးမြှင့်ရရှိမည် ဖြစ်သည်။ ထို့ အပြင် ဘန်ကောက်၊ နွန်ထဘူရီ နှင့် မဟာချိုင် နယ်မြေတို့တွင် လုပ်ကိုင်သော အလုပ်သမားများ က တစ်ရက်လုပ်အားခ ၃၂၀ ဘတ်ဖြင့် ဒုတိယလိုက်ပြီး အခြား ခရိုင်များတွင် ၃၂၀၊ ၃၁၈၊ ၃၁၅၊ ၃၁၀၊ ၃၀၈ ဘတ် စသည်ဖြင့် အသီးသီးရရှိကြမည်ဖြစ်ပါသည်။

ယခင်က ဘန်ကောက်နယ် မြေတွင် အလုပ်လုပ်ကိုင်သော မြန်မာလုပ်သားများသည် တစ် ရက်လုပ်ခဘတ် ၃၁၀ (ကျပ် ၁၂,၀၀၀) ကျော် အမြင့်ဆုံးရရှိ ပြီး အခြားဒေသများတွင် နယ် မြေအလိုက် ၃၀၈ ဘတ်နှင့် ၃၀၅ဘတ်အသီး သီးရရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအလုပ် သမားသံအရာရှိ ဦးဆန်းမောင် ဦးကပြောသည်။

ထိုင်းအစိုးရက တစ်ရက် လုပ်သားခ ၂၂ ဘတ် တိုးမြှင့်ပေး ပါက မြန်မာလုပ်သားများ လက် ရှိထက် တစ်လကျပ် ၂၈,၀၀၀ ပိုရမည်ဖြစ်သည်။

ဘန်ကောက်အခြေစိုက် အလုပ်သမားအရေးနှင့်လူကုန်ကူးမှုတိုက်ဖျက်ရေး ကူညီဆောင်ရွက်သည့် အဖွဲ့ဖြစ်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က ထိုင်းမှာအလုပ်သမားတစ်ယောက် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်အတွက် ငွေတွေအများကြီးကုန်ကျတယ်။ အာမခံမှုနည်းတယ်။ ဒီလောက်ကလေးတိုး လို့ ဘာမှအကြောင်းမထူးနိုင်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာထက် အစအစအရာရာ သာလွန်နေတာကြောင့် မြန်မာ အလုပ်သမားတွေ ဆက်ပြီးလုပ်နေကြရအုံးမှာဖြစ်သလို အမြောက်အမြားလည်းလာနေကြအုံးမှာဖြစ်ပါတယ်”

မြန်မာနိုင်ငံတွင် ဦးသိန်းစိန် လက်ထက်က တစ်ရက်အ နည်းဆုံးလုပ်ခလစာ ကျပ် ၃,၆၀၀ ဖြစ်ပြီး NLD အစိုးရ လက်ထက်တွင် မကြာသေးမီက ၄၈၀၀ ကျပ် ပြောင်းလဲသတ်မှတ်ထားသည်။  ယင်းနှုန်းထားကို သဘော မတူပါက ရက် ၆၀ အတွင်း ကန့် ကွက်ရမည်ဖြစ်သည်။ အလုပ်ရှင်အ ချို့က များလွန်းသည်ဆိုကာ မပေးနိုင်ကြောင်း သဘော ထားပြုကာ အလုပ်သမားများက ၎င်းတို့ တောင်းဆိုသည့် နှုန်းထက်နည်းနေ၍ သဘောမတူပေ။

ထိုင်းနိုင်ငံတွင် မြန်မာလုပ် သား လေးသန်းကျော် အလုပ် လုပ်နေသည်။ ထိုင်းအစိုးရက တရားမ၀င် မြန်မာလုပ် သားများ အပါအ၀င် နိုင်ငံခြားသားလုပ် သားများကို ဖမ်းဆီးခြင်းမပြုရန် ဆိုင်းငံ့ကာလ ခြောက်လကို ဒီဇင် ဘာ ၂၈ ရက်တွင် ထပ်မံတိုးမြှင့် ပေးထားသည်။ မြန်မာအစိုးရသည် ထိုင်းရောက်အလုပ်သမားများ ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ကိုင်ခွင့်အတွက် အလွန်အကျွံကုန်ကျနေမှုများ၊ လုပ်ငန်းရှင်နှင့် အာဏာပိုင်တို့၏ မတရား အနိုင် ကျင့်မှုတို့ကို ထိရောက်သည့်အကာအကွယ်ပေးနိုင်သည့် စီမံချက်မျိုးကို ယခုထက်တိုင် မချမှတ်နိုင်သေးသဖြင့် မြန်မာအစိုးရအပေါ် မြန်မာအလုပ်သမားများ အားကိုးယုံကြည်မှုမဲ့လျှက်ရှိကြပါသည်။