19 January 2018

ဘင်္ဂါလီ ၂ ဦးအား စက်လှေ ၂ စီးနှင့်အတူ ဖမ်းဆီးရမိ



19 January 2018      သစ်ထူးလွင်




၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ၀၈၄၅ အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဆေးသမားကြီး ကျေးရွာအုပ်စု အုန်းတောချေကယ်ဆယ်ရေးစခန်းခေါင်းဆောင် ဦးဆာမျှာ၊ (၅၂)နှစ်မှ အုန်းတောချေ ရွာနှင့် မှန်စီချောင်းဝကြား အုန်းတောအနီး ပင်လယ်ကမ်းစပ်၌ မသင်္ကာဖွယ် ဘင်္ဂါလီ ၂ ဦးအား စက်လှေ ၂ စီးနှင့်အတူ ဖမ်းမိထားကြောင်း သတင်းပေးပို့ချက်အရ ရတရတဖ(၃၆) ခွဲ(၁)မှ တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ပါသည်။

 ပေါက်တောမြို့နယ် အနောက်ရဲကယ်ဆယ်ရေးစခန်း အဆောင် (၄၇) အခန်း(၃)နေ အာမေဟူဆောင်း (၃၀)နှစ်နှင့် ညီဖြစ်သူ ဆွေယော့တူဆောင်း(၁၅)နှစ် တို့ ၂ ဦး အား ၎င်းတို့ မောင်းနှင်လာသည့် အလျား ၂၅ ပေ၊ အနံ ၅.၇ ပေ၊ စောက် ၃ ပေနှင့် အလျား ၂၇ ပေ၊ အနံ ၅.၇ ပေ၊ စောက် ၃ ပေရှိ စက်လှေ ၂စီး နှင့်အတူ တွေ့ရှိသဖြင့် ၁၆၁၀ နာရီတွင် ၎င်းတို့ ၂ ဦးအား စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းချုပ်နှောင်ခဲ့ပြီး လဝကအက်ဥပဒေဖြင့် အရေးယူရန် စီစဉ် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။