16 January 2018

ဘန်ကောက်အနှိပ်ခန်းမှ ဖမ်းဆီးခံ မြန်မာအမျိုးသမီး ၁၀၀ ခန့်အရေး သံရုံးဖြေရှင်းပေးနေပြီး အနှိပ်ခန်းပိုင်ရှင်ကို တရားစွဲမည်


 16, 2018     ဆဲဗင်းဒေး 

ဘန်ကောက်မြို့ရှိ နာ မည်ကြီးအနှိပ်ခန်းကို ထိုင်းရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ အသက်မပြည့်သေးသူများ အပါအ၀င် ဖမ်းဆီးခံရသော မြန်မာအမျိုးသမီး လုပ်သား ၉၆ ဦးအရေး ဖြေရှင်းပေးနေပြီး အသက်မပြည့်ဘဲစေခိုင်းသည့် ထိုင်းအလုပ်ရှင်ကို မြန်မာသံရုံးက တရားစွဲဆိုမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

မြန်မာအမျိုးသမီးများအား အလုပ်စေခိုင်းသည့် ဗစ်တိုးရီး ယားစီးခရက် အနှိပ်ခန်းပိုင်ရှင်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား ပြီး ယင်းအမှုနှင့် ဆက်စပ်မှုရှိသောထိုင်းရဲအရာရှိငါးဦးကိုလည်း နေရာပြောင်းရွှေ့သည်ဟု ကြားရကြောင်း ၎င်းကဆိုသည်။



‘‘သူတို့ပြောတာတော့ မြန် မာအမျိုးသမီး ၉၆ ယောက်လို့ ပြောတယ်ဗျ။ ဒါပေမဲ့ သတင်းအတိအကျကို ကျွန်တော်တို့လည်းမပေးဘူးဗျ။ အခုလောလောဆယ် အထိ ကျွန်တော်တို့နဲ့ ပေးမတွေ့ သေးဘူး။ ဘန်ကောက်က Camp (ထိန်းသိမ်းရေးစခန်း)ထဲမှာ ထား တယ်။ တချို့က အလုပ်ရှင်၊ အ လုပ်သမား မှန်တဲ့သူရှိတယ်ပေါ့။ တချို့က ဒီလုပ်ငန်းနဲ့ပဲ ရောက် လာတဲ့သူရှိတယ်။ သံရုံးကတော့ တတ်နိုင်သလောက် ကယ်လို့ရ အောင်လုပ်နေတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါအနှိပ်ခန်းသို့ အသက်(၁၂)နှစ်ကတည်းက လူကုန်ကူး၍ ရောင်းစားခံရသည့် မြန်မာအမျိုးသမီးတစ်ဦးက ထိုင်းအမျိုး သမီးအဖွဲ့အစည်းများထံ တိုင် ကြားရာမှ ဇန်န၀ါရီ ၁၂ ရက်တွင် ထိုင်းအထူးစုံစမ်းရေး ရဲတပ်ဖွဲ့ (DSI)က ၀င်ရောက်ဖမ်းဆီးရာ တရားမ၀င်လုပ်ကိုင်နေသော မြန် မာအမျိုးသမီးလုပ်သား ၉၆ ဦး အပါအ၀င် အမျိုးသမီးလုပ်သား ၁၁၃ ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းရတ်ထိုင်း သတင်းဌာနက ဖော်ပြထားသည်။

‘‘အသက်မပြည့်သေးဘဲ ခိုင်းထားတဲ့ အလုပ်ရှင်ကိုတော့ ကျွန် တော်တို့က တရားစွဲမယ်။ အသက် မပြည့်ဘဲ အဲဒီမှာ အလုပ်လုပ်နေ တဲ့သူတွေရှိတယ်ပေါ့။ ဒါပေမဲ့ ဘယ်နှယောက်ဆိုတာ လော လောဆယ်တော့ အတိအကျမသိရသေးဘူး။ တစ်ခါ ခုနစ်ယောက်ပြောလာလိုက်၊ ၁၇ ယောက်ပြောလာလိုက်နဲ့ ဖြစ်နေတာ။ ရဲဘက်က ပြောရေးဆိုခွင့်ရှိသူနဲ့ ပြောလို့မရဘဲဖြစ်နေတာ။ ကျွန်တော်တို့က အလုပ်ရှင်ကို ပြန်ပြီးတရားစွဲမယ်’’ဟု ဦးစန်းမောင်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ ပြည့်တန်ဆာ မြန်မာအမျိုးသမီး ၁၀၀ ခန့် ဖမ်းဆီးခံရမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ထိုင်းရောက် မြန်မာလုပ်သားများ အရေးကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း ကပြောသည်။

ဗစ်တိုးရီးယားစီးခရက် အ နှိပ်ခန်းတွင် အလုပ်လုပ်ကိုင်နေ သော အသက်မပြည့်သေးသူများ အပါအ၀င် မြန်မာ၊ လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသမီး ၁၁၃ ဦးအနက် အများစုသည် လိင်ကုန်ကူးမှုလုပ်ငန်းသို့ အဓမ္မသွတ်သွင်းခံရသူများ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆနေကြောင်း ဦးကျော်သောင်းက ပြောသည်။
LikeShow more reactions
Comment