17 January 2018 သစ်ထူးလွင်
လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည့် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း၌ ဖဲသုံးချပ် လောင်းကစားပြု လုပ်သူနှစ်ဦးအား ဖမ်းဆီးအရေးယူ |
ဇန်န၀ါရီ ၁၆ ရက်နေ့တွင် လူမှုကွန်ရက်အင်တာနက် စာမျက်နှာတွင် “ အောင်မင်္ဂလာကားဝင်းက စိုးရိမ်စရာ ဖြစ်လာ”ခေါင်းစဉ်ဖြင့် “အောင်မင်္ဂလာကားဝင်း အ၀င်ပေါက် ကားမှတ်တိုင်အနီးတွင် နံနက် ၂ နာရီမှ နံနက် ၅ နာရီအချိန်တိုင်း အုပ်စုလိုက် လိမ်လည်လှည့်စားကာ ဖဲသုံးချပ်
လောင်းကစားပြုလုပ်သူ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်နေ သန်းနိုင်၊ (၅၂)နှစ်နှင့် မြင့်ဇော်ထွန်း၊ (၃၅)နှစ်တို့နှစ်ဦးကို မင်္ဂလာဒုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းသို့ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် ခရီးသွားပြည်သူများ အနှောင့်အယှက်ဖြစ်စေရန် လိမ်လည်ကာ ဖဲသုံးချပ်လောင်းကစားပြုလုပ်ခဲ့သူ သန်းနိုင်နှင့် မြင့်ဇော်ထွန်းတို့အား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၅၄/၂၀၁၈၊ ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့နှင့် ဆက်နွယ်သူများကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။