17 January 2018

မြောက်ဦး ပစ်ခတ်မှု သေဆုံးသူ ၉ ဦးအထိရှိလာ


17 January 2018 


(မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ညက  မြို့ခံလူအုပ်နှင့် နယ်မြေခံ ရဲများ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်၍ မြို့ခံသေဆုံးသူများရှိခဲ့သည်။ ဓါတ်ပုံ - KMC/DMG)
ဇန်ဝါရီလ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။    ။   ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးမှာ ပစ်ခတ်မှုကြောင့် ယနေ့ နံနက်ပို်င်းအထိ သေဆုံးသူ ၉ ဦးအထိရှိလာပြီ ဖြစ်ကြောင်း မြောက်ဦးဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က DMG သို့ ပြောသည်။















အဆိုပါဖြစ်မှာ ရခိုင်ဘုရင်နိုင်ငံတော်ကျဆုံးခြင်း ၂၃၃ နှစ်ပြည့် ဝမ်းနည်အောက်မေ့ဖွယ် အခမ်းနားကို မြောက်ဦးနန်းတော်ရာကုန်းပေါ်တွင် ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုး ရအဖွဲ့၏ ကတ်ပိနတ်အစည်းအဝေးဆုံးဖြတ်ချက်ရ အလားတူပွဲမျိုးကျင်းပရာတွင် ငြိမ်းစုစီ ဥပဒေအရ ၄၈ နာရီအတွင်း သက်ဆိုင်ရာသို့တင်ပြရန် အကြောင်းကြားလာမှုကြောင့် မြောက်ဦးရှေး/သုနှင့် ထွေ/အုပ်တို့က တားမြစ်ခဲ့ပြီးနောက် ပွဲမပျက်စေရန် စီစဉ်ခဲ့ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က DMG သို့ ပြောသည်။

“ ၄၈ နာရီအတွင်း တင်ရမယ်ဆိုတော့ ပွဲစီစဉ်ထားတဲ့ သူတွေဖက်က ၄၈ နာရီဆိုတော့ ဒီနေ့မမီတော့ဘူး။ ပွဲပျက်သွားပြီးဆိုတော့၊ ကျွန်တော်တို့နဲ့ သံဃာတော်တွေ၊ ပွဲဖြစ်မြောက်ရေးကော်မတီတွေနဲ့ ဝိုင်းပြီးတော့ စဉ်စားကြတယ်၊ အဲဒီမှာ ဟောပြောတဲ့သူတွေလဲ မနစ်နာရအောင် ပွဲကိုလုပ်ကြမယ်ဆိုပြီးတော့ လူထုပရိတ် သတ်ကို တောင်းပန်ကြတယ်၊ ဒါကြောင့်နစ်နာမှုမရှိအောင် နောက်ဆုတ်ကြမယ်လို့ တောင်းပန်တော့လဲ အဆင်ပြေခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ ကျွန်တော်အိမ်ပြန်လာတော့ နောက် တစ်နာရီလောက်အကြာမှာ ဆန္ဒထုတ်ဖေါ်ကြတယ်လို့ကြားတယ်။ ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

မြောက်ဦး ပဋိပက္ခမှာ သေနတ်ထိမှန်သည့်ဒဏ်ရာ ပြင်းထန်သောကြောင့် အရေးပေါ်ကားဖြင့် ဇန်နဝါရီလ ၁၇ ရက် အာရုဏ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်လာပြီး ဆေးကုသမှုခံယူနေကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

ည ၁၂ နာရီ ၄၃ မိနစ်တွင် လူစုစတင်ကွဲသွားပြီး စစ်တပ်ကားလည်း နှစ်စီးရောက်ရှိနေခဲ့ကြောင်း ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် မြို့ခံ ၉ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာ ပြင်းထန်စွာဖြင့် ဆေးကုသမှု ခံယူနေရပြီး လတ်တလောမှာ အတည်မပြုနိုင်သေးသော်လည်း ဒေသတွင်းသတင်းများအရ သေဆုံးသူ ၉ ဦးထဲက ၇ ဦး၏ အမည်နှင့် နေရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

သေဆုံးသူအမည်နှင့် နေရပ်

1/ဦးသန်းမောင် အသက် 18 (ဘ)ဦးသန်းကျော်

ဇင်္ဂလကုန်းကျေးရွာမြက်ရိတ်ကျွန်းအုပ်စု။

2/ဦးညီညီကျော် (ခ) ဦးညီဘု အသက်(31)

(ဘ) ဦးဦးသန်းစိန် ဗန္ဓုလရပ်ကွက် အောင်တပ်အုပ်စု

ကျန်ရစ်သူ ဇနီးတဦးနှင့် သမီးချေတဦးကျန်

3/မောင်နိုင်ဆန်းချေ အသက် 21 ဘ ဦးမောင်ကျော်စိန်

အောင်င်္ဂလာ အောင်တပ်အုပ်စု

4/ဦးကျော်နိုင်ဝင်း အသက် 23 (ဘ)ဦးအောင်ကျော်ထွန်း

ကြက်လျှာကျွန်း အလယ်ဈီးရပ်ကွက်

5/မောင်ကျော်သိန်းစိုး အသက် 15 (ဘ)ဦးလှသိန်းထွန်း

မဟေဂျီ အောင်တပ်ရပ်ကွက်

6/မောင်မင်းကျော်သန်း အသက် 16 (ဘ)မောင်ထွီးညို

မဟေဂျီ အောင်တပ်ရပ်ကွက်

7/ပုဏ္ဏားကျွန်းက တဦး(သေဆုံး) နာမည် နေရပ် စုံစမ်းဆဲ

ယခုသေဆုံးသူများသည် မြောက်ဦးရင်ခွဲရုံတွင် ရှိနေဆဲ

မောရမြီ ကျော်လှမြင့်(17/1/2018)

 မောင်ဇော်ခိုင်
Development Media Group