13 January 2018

မောင်တောသို့ အကြမ်းဖက်များပြန်ဝင်လာကာ နေရာသုံးခုတွင် ဖြန့်ခွဲထားပြီဟု ရခိုင်ဝန်ကြီးချုပ်ဆို



ရန်ကုန်၊ ဇန်နဝါရီ ၁၂ The Voice

ရခိုင်ပြည်နယ် မောင်တောဒေသသို့ အကြမ်းဖက်သမားများ ပြန်လည်ဝင် ရောက်လာပြီဖြစ်ပြီး နေရာသုံးခုတွင် ဖြန့်ခွဲ နေရာယူထားသည်ဟု သတင်းများရရှိ ထားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဦးဆာင်သည့် သတင်းမီဒီယာအဖွဲ့ မောင် တောဒေသကို လာရောက်သတင်းယူသည့် ခရီးစဉ်အပြီး ဇန်နဝါရီ ၁၀ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။



ခန့်မှန်းခြေအားဖြင့် အနည်းဆုံး အကြမ်းဖက်သမား ၃၀ ခန့် ဝင်ရောက် နေပြီး နောက်ထပ်လည်း ထပ်မံဝင်ရောက် လာမည်ဆိုသည့် သတင်းများရထား ကြောင်း ဦးညီပုက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်ကို မိုင်းခွဲတိုက်ခိုက်ကာ သေနတ်များဖြင့် ပစ်ခတ်ခဲ့သူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောဒေသသို့ ပြန်လည်ဝင်ရောက် လာသည့် အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

" စုံစမ်းရသလောက်ကတော့ တစ်ဖက် ကဝင်လာတဲ့ ဘင်္ဂါလီတွေလို့ သုံးသပ်လို့ရ ပါတယ်။ အတိအကျတော့ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ အခုအချိန်အထိ ဖောက်ခွဲ ဖျက်ဆီးအကြမ်းဖက်တိုက်ခိုက်သွားတဲ့ သူတွေထဲက တစ်ယောက်မှ ဖမ်းဆီးရမိတာ မရှိသေးတော့ တိတိကျကျပြောဖို့ ခက်ပါတယ်" ၎င်းကဆိုသည်။

သို့သော်လည်း မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဗျွှဗ အကြမ်းဖက်အဖွဲ့ကမူ ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့အဖွဲ့၏ လက်ချက်ဟု ဝန်ခံထားပြီး တိုက်ခိုက်မှုများ ပြန်လည်စတင်တော့မည် ဟု ဇန်နဝါရီလ ၇ ရက်နေ့က ကြေညာ လိုက်သည်။

" ဒီလိုဝင်ရောက်လာတယ်ဆိုတဲ့ သတင်းအချက် အလက်ကလည်း အမြဲတမ်း လိုလိုရနေတယ်။ သူတို့ ဟိုဘက်မှာ ဘယ်လို ပြင်ဆင်ထားတယ်၊ ဘယ်လိုလေ့ကျင့် ထားတယ်၊ ဒီဘက်ကို ဘယ်လိုဝင်လာ မယ်၊ ဘယ်ရက်ဝင်လာမယ်အထိ ဒါတွေ ကတော့ သတင်းတွေရနေတဲ့အတွက် အခုဖြစ်တဲ့အဖြစ်အပျက်က တစ်ဖက်က ဝင်လာတဲ့ အနေအထားမျိုးဖြစ်နိုင်တယ် လို့ သုံးသပ်ပါတယ်" ဟု ဦးညီပုကပြော ဆိုသည်။

ထို့ကြောင့် လုံခြုံရေးနှင့် တည်ငြိမ် ရေးတို့ကို အဓိကထား၍ လုပ်ဆောင်မည် ဖြစ်ပြီး အကြမ်းဖက်သမားများ ပြန်လည် ဝင်ရောက်ကာ တိုက်ခိုက်မှုမလုပ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ထွက်ပြေးဘင်္ဂါလီများကိုလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘော တူထားသည့် သဘောတူညီချက်များနှင့် အညီ ပြန်လည်လက်ခံသွားမည်ဖြစ် ကြောင်း ဦးညီပုက ပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၅ ရက်နေ့က တိုက်ခိုက် ခံရမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရနှင့် တပ်မတော်တို့က သတင်းထုတ်ပြန်ခဲ့သည်။