16 January 2018

သမ္မတ ရန်ပုံငွေထဲကနေ ငွေကျပ် ၁၀ ဘီလီယံကျော် ပြည်ထဲရေး သုံးစွဲ




2018-01-16 RFA

ရခိုင်ကမ်းရိုးတန်းတလျောက် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နိုင်ဖို့ ရေကြောင်းရဲတပ်ဖွဲ့အတွက် ကင်းလှည့်ယာဉ် ၂စင်းအတွက် ငွေကျပ် သန်း ၂၀၀ ကျော် အပါအ၀င် ကျပ် ၁၀ ဘီလီယံကျော် သုံးစွဲထားတယ် လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ တင်ပြလိုက်ပါတယ်။



နိုင်ငံတော်သမ္မတရဲ့အရေးပေါ် ရန်ပုံငွေထဲကနေ ပြည်ထဲရေးဝန်ကြီးဌာနက ကျပ် ၁၀ ဘီလီယံကျော် သုံးစွဲခဲ့တဲ့အကြောင်း ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။
သမ္မတရဲ့ အရေးပေါ် ရန်ပုံငွေထဲကနေ ကမ်းပါးပြိုတာကာကွယ်ဖို့နဲ့ မြစ်ချောင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျပ် ၈ ဘီလီယံကျော်နဲ့ မြန်မာ့မီးရထားလုပ်ငန်းအတွက် ကျပ်သန်း ၁၇၇ သန်းကျော် အပါအ၀င် ၁၂ ဘီလီယံကျော်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက သုံးစွဲထားတယ်လို့ သိရပါတယ်။
သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေကို မူလဘတ်ဂျက်ထဲမှာမပါတဲ့ ချက်ခြင်းဆောင်ရွက်ရမယ့်ကိစ္စတွေ၊ သဘာဝဘေးအန္တရာယ်စတဲ့ကိစ္စတွေမှာ အသုံးပြုဖို့ထားရှိတာဖြစ်ပါတယ်။