15 January 2018

တစ်ကျော့ပြန် အနုပညာလှုပ်ရှားမှုတွေနဲ့ မြန်မာပြည်ပြန်လာမယ့် ရဲမင်းပိုင်


ဓာတ်ပုံ − Yemin Paing FB
ဖိုက်တင်မင်းသားအဖြစ် ပရိသတ်အားပေးမှုရခဲ့သည့် သရုပ်ဆောင် ရဲမင်းပိုင်က မြန်မာ နိုင်ငံသို့ ပြန်လာ၍ အနုပညာလှုပ် ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အသိပေးသည်။
'‘ချစ်ခင်သော မိတ်ဆွေပရိ သတ်များအတွက် (၅၀)ကျော်အ ရွယ်မှာ သဘာဝကျသော ဇာတ် အိမ်၊ သဘာဝကျသော ဖိုက်တင်၊ အသိပညာပေးသော ရသတို့ဖြင့် ကျေးဇူးဆပ်ဖျော်ဖြေနိုင်ဖို့ ကျွန် တော်ကြိုးစားနေပါတယ်။ မကြာ မီ အမိမြန်မာပြည်ကို ကျွန်တော် ရောက်လာတော့မှာပါ’’ဟု ရဲမင်း ပိုင်က ဇန်နဝါရီ ၉ ရက်တွင် ဖိုက် တင်လေ့ကျင့်နေသည့် ဗီဒီယိုဖိုင် နှင့်အတူ အနုပညာလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်မည့်အကြောင်းကို ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။


သရုပ်ဆောင်ကျော်သူက မြန်မာပြည်သို့ ပြန်လာရန် ပြော ကြားပြီး အမေရိကန်မှ သူငယ်ချင်းတစ်ဦးကလည်း အနုပညာအလုပ်များ ပြန်လုပ်ရန် တိုက်တွန်း၍ Fort Wayne ဇေတဝန် ဆရာတော် အကူအညီဖြင့် မြန်မာနိုင်ငံသို့ပြန် ရန် Passport စာအုပ်လည်း ရရှိ ပြီဖြစ်၍ မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်လာ၍ အနု ပညာအလုပ်များ ပြန်လည်လုပ် ကိုင်မည့်အကြောင်း ဇန်နဝါရီ ၁၂ ရက်က ပရိသတ်များကို ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အ သိပေးသည်။
‘‘မကြာမီ ကျွန်တော် ပြည် မြန်မာကြီးကို တောင်းပန်ဖို့၊ အမိ အဘတွေကို တောင်းပန်ဖို့၊ ကျွန် တော် အနှစ် ၂၀ ကျင်လည်ခဲ့တဲ့ အနုပညာအလုပ်ကို တောင်းပန် ဖို့၊ ကျွန်တော့်အပေါ်ကောင်းတဲ့ တပည့်တွေနဲ့ ပြန်လည်ဆုံစည်းဖို့၊ နယ်ပေါင်းစုံ၊ ရွာပေါင်းစုံမှာ၊ ပြည်နယ်ပေါင်းစုံမှာ ယနေ့အထိ ကျွန် တော့်ကို တမ်းတနေတဲ့ ချစ်ခင်သူ တွေကို တောင်းပန်ဖို့ မကြာမီရက်ပိုင်းအတွင်း ကျွန်တော်ရောက် လာတော့မှာပါ’’ဟု ၎င်းက ရေး သားထားသည်။
မြန်မာနိုင်ငံကို ၎င်း၏ ဘဝ အတွက် ကျောခိုင်းခဲ့ခြင်းဖြစ်ပြီး အကျပ်အတည်းအခက်အခဲများ ကို ရင်မဆိုင်နိုင်တော့သော ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ ကြောင်း ၎င်းက ရေးသားထား သည်။
‘‘အနုပညာနဲ့ ကျွန်တော် ကံ ကုန်ပြီလို့ ထင်မိခဲ့ပါတယ်။ ဒါပေ မဲ့ ကျွန်တော့်ရဲ့ အနုပညာက ကျွန်တော့်ကို မင်းပြန်လာခဲ့ပါ ကံ မကုန်သေးဘူး။ အများကြီးလုပ် စရာတွေရှိတယ်... လို့ ပြောနေပါ တယ်’’ဟု အနုပညာအလုပ်များ ပြန်လည်   လုပ်ကိုင်မည့်အကြောင်း ၎င်းက ရေးသားထား သည်။
ရဲမင်းပိုင်သည် ဖိုက်တင် ဇာတ်ကားများဖြင့် ပရိသတ်အား ပေးမှု အခိုင်အမာရရှိထားသည့် သရုပ်ဆောင်ဖြစ်ပြီး ၎င်းပြန်လာ ၍ အနုပညာအလုပ်များ လုပ်ကိုင် မည့်အပေါ် ပရိသတ်များက အား ပေးသည့်မှတ်ချက်များ ရေးသားထားသည်။ ယင်းကဲ့သို့ မှတ်ချက်များပေးသည့် ပရိသတ်များအ တွက် ဆုတောင်းစကားနှင့်အတူ ကျေးဇူးတင်ကြောင်း ဇန်နဝါရီ ၁၃ ရက်က ရဲမင်းပိုင်၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
၎င်းသည် လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ဒ်ဝိန်းမြို့၌ မိသားစုနှင့် အတူ အခြေချနေထိုင်နေသည်။