05 December 2017

မွတ်ဆလင်နိုင်ငံကလူတွေကို ပြည်ဝင်ခွင့် ပိတ်ထားမယ်


5 December 2017       BBC Burmese




မူဆလင် အများစု နေထိုင်ရာ ခြောက်နိုင်ငံကလူတွေကို ပြည်ဝင်ခွင့် ပိတ်မယ်
အမေရိကန် ပြည်ထောင်စုမှာ မူဆလင် အများစု နေထိုင်ရာ ခြောက်နိုင်ငံကလူတွေကို ပြည်ဝင်ခွင့် ပိတ်ထားမယ့် အခုနောက်ဆုံးထွက်လာတဲ့ ခရီးသွားခွင့်ဆိုင်ရာ သမ္မတထရမ့်ရဲ့တားမြစ်မှုအမိန့်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေကိုတော့ အောက်တရားရုံးတွေမှာဆက်လက် ရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။

အခု တားမြစ်ချက်အရ မွတ်ဆလင် ခြောက်နိုင်ငံ ဖြစ်တဲ့ အီရန် ၊ လစ်ဗျား ၊ ဆီးရီးယား ၊ ယီမင် ၊ ဆိုမာလီယာနဲ့ ချက်ဒ် နိုင်ငံတွေက လူတွေ အမေရိကန် ပြည်ထောင်စုကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေးတော့မှာ ဖြစ်ပါတယ်။