03 December 2017

ဒီလိုကုမ္ပဏီတွေခြေဆန့်လာနေလို့ တင်ပေးလိုက်ပါတယ် နမ့်တောက အမျိုးတွေသင့်ချွေးနဲစာကိုအလိမ်မခံပါနှင့်



လင်ဇီး ရှိုင်းဟုတ် / Unicity / Aim Star / Tian / MLM
******************************************************
ပြည်တွင်းမှာ MLM (Multi Level Marketing) နဲ့ပတ်သက်လို့ လူငယ်တွေ တော်တော်များများလုပ်ကိုင်လာတာကို တွေ့နေရသလို အချို့ လူကြီးပိုင်းတွေလည်း လုပ်ကိုင်လာတာကိုတွေ့ရတယ် ။ ကျွန်တော်ကိုယ်တိုင် MLM ကိုမလုပ်ဖူးတဲ့အတွက် အကျိုးအမြတ်ဘယ်လောက်ရှိတယ် ဘယ်လိုဝင်ငွေရတယ်ဆိုတာ သေချာမသိရပေမယ့် လေ့လာကြည့်ရသလောက်ဆိုရင် အာမခံချက် မရှိတဲ့ ဈေးကွက်တစ်ခုလို့ သုံးသပ်ကြည့်ချင်တယ် ။ လူတွေကို မက်လုံးပေး စွဲဆောင်လေ့ရှိပြီး တစ်လအတွင်း ဝင်ငွေဘယ်လိုရမယ် သုံးလဆိုရင်ဘယ်လောက်ဖြစ်မယ်ဆိုတာကို အဓိကထား စွဲဆောင်လေ့ရှိကြတယ် ။ အကျိုးအမြတ်က မရှိဘူးတော့ မဟုတ်ဘူး ရှိပါလိမ့်မယ် ။

 ဒါပေမယ့် ခေါင်းဆောင်ပိုင်းတွေကပဲ ခေါင်းပုံဖြတ် အောက်က Member တွေကို မက်လုံးပေးလို့ အဖွဲ့ ဝင်တွေတိုးလာအောင် စွဲဆောင်ပြီး ပစ္စည်း အရောင်း၊အဝယ်ဖြစ်ရင် ရာခိုင်နှုန်းအပေါ် အကျိုးအမြတ်ခံစားခွင့် ရှိကြတယ် ။ ဥပမာ ခေါင်းဆောင်က ငါးသောင်းနဲ့ ရောင်းခိုင်းတဲ့ပစ္စည်းတစ်ခုကို ခေါင်းဆောင်ခွဲအသီးသီးက ပြန်လည်ရယူပြီး member တွေက အရောင်း၊အဝယ်ဖြစ်ရင် ရာခိုင်နှုန်း အကျိုးအမြတ်တွေကို ခွဲဝေလို့ နောက်ဆုံးတွက်ချက်ကြည့်ရင် ပစ္စည်းရဲ့ တန်ဖိုးက တကယ်တော့ တစ်သောင်းလောက်ပဲ ရှိတယ် ။ ဝယ်ယူတဲ့လူတွေက ပစ္စည်းကို မတန်တဆဈေးကြီးပေးပြီး ဝယ်ယူလိုက်ရတဲ့ သဘောဖြစ်သွားတယ် ။ ဒါက ပြဿနာမဟုတ်ပါဘူး ။

ရောင်းသူ၊ဝယ်သူချင်း အဆင်ပြေလို့ ဖြစ်တဲ့ ကိစ္စပါ ။ အခုဖော်ပြထားတဲ့ ပုံက People's Daily, China ဖေ့စ်ဘွတ်ခ်စာမျက်နှာက ကူးယူလာတဲ့ ပုံဖြစ်ပြီး MLM ခေါင်းဆောင် ၂၆ ယောက် ကို တရုတ်ရဲတွေ ဖမ်းဆီးထားတဲ့ သတင်းဓာတ်ပုံပါ ။ သတင်း အပြည့်အစုံ ဖော်ပြထားတာ မရှိသေးပေမယ့် သတင်းရဲ့ ခေါင်းစဉ်ကတော့ " Guiyang police announced Mon cracked a large pyramid scheme, detained 26 #MLM leaders. More than 4000 sales involved " ဆိုပြီး ရေးသားထားတာကိုတွေ့ရှိရပါတယ် ။ ဖွံ့ဖြိုးပြီး တိုင်းပြည်လို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံမှာတောင် ဒီလို အနေအထားမျိုးဖြစ်နေတယ်ဆိုရင် ဖွံ့ဖြိုးဆဲဖြစ်ပြီး ဆင်းရဲတွင်းနက်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်အတွက် MLM က တကယ် အာမခံချက်ရှိနိုင်ရဲ့ လားဆိုတာပါ ။ ဒါပေမယ့် လုပ်နေတဲ့ လူတွေက တစ်နေ့တစ်ခြားတိုးလာ တာကိုတော့ တွေ့ရတယ် ။ ဒါက မြန်မာပြည်ရဲ့ အဓိက အားနည်းချက်ဖြစ်တဲ့ ၁ . အလုပ်အကိုင် အခွင့်အလမ်း ပြဿနာ ၂ . ဆင်းရဲတွင်းနက်နေတဲ့ပြည်သူ ၃ . လူတွေရဲ့ လောဘ ၄ . ဗဟုသုတ နည်းပါးမှု အထက်ပါ လေးချက်ကြောင့် MLM တွေဟာ အဆိုပါ အားနည်းချက်တွေကို အဓိကထားလို့ ဈေးကွက်ချဲ့ ထွင်လာနိုင်ခြင်းလို့သာ မြင်မိပါကြောင်း သုံးသပ်လိုက်ရပါတယ် ။

Credit: Khyu Nay Tun -
www.khunnaymedia.com Share by: Entrepreneurs Sme Myanmar
ဟုတ်တယ်..မလုပ်တာအကောင်းဆုံးပါ
ကျနော့အကိုနှစ်ယောက်ဆိုရင်ခုထိစကားမပြောကြတော့ဘူး...အလှကုန်ပစ္စည်းနဲ့...လယ်ယာသုံးဓာတ်မြေဩဇာကုမ္မဏီမှာ..တစ်လကိုသိန်းနှစ်ဆယ်...ဖိုးဝယ်ပေးရောင်းပေးရတယ်
ဘောနက်..နှစ်သိန်းပြန်ပေးတယ်....ရောင်းမကုန်လို့နောက်လ..သူတို့ဆီက..၂၀ဖို့ထပ်မဝယ်ရင်..ဘာမှမရတော့ပါဘူး...စည်းရုံးတုန်းကတော့..သိန်းနှစ်ဆယ်မန်းဘားဝင်ထားရင်..ဘောနက်..တလနှစ်သိန်းပုံမှန်ရတယ်လို့စည်ရုံးတာ...ကျနော့အကိုကနားယောင်ပြီးလုပ်လိုက်တာ..လယ်ပါရောင်းပြီးအကြွေးဆပ်လိုက်ရတယ်။
ပစ္စည်း ဈေးက..အချိုဆုံး၂သောင်းထက်မှာဆိုတော့...ဘယ်သူဝယ်သုံးနိုင်မလဲ...တလသိန်း၂၀ဖိုး
ရောင်လို့ကုန်နိုင်မလားဗျား...ရောင်းမကုန်တော့
နောက်လအတွက်ထပ်ယူဖို့ငွေအရင်းကမရှိတော့ဘူးလေ..အရင်လကအရင်းလဲအတိုးတက်ပြီလေ...ပြာဖြစ်ဖို့ပဲကျန်တယ်....နားမယောင်ကြပါနဲ့
ပုံမှန်ဝင်ငွေနဲ့ပဲ့ရောင့်ရဲတင့်တိန်ကြပါလို့...အကြံပြုချင်တယ်...အရင်းနှီးခိုင်တယ်
ယုံကြည်လက်ခံတယ်ဆိုရင်တော့..ဘာမှမပြောလိုပါဘူး။
:::::::::::::::::::::::::::::::::::;:::::;::::::::::::::;:::
အရမ်းဟုတ်ပါတယ် တို့ဆိုရင် အကြွေးတင်
သွားတယ် ၁၀သိန်းယူလိုက်တာ အခုဆို
ရင် ၂၅ သိန်းဖြစ်သွားပြီ ဒုက္ခတွေရောက်
နေပါရောလား fri ပြောတာယုံကြပါ
လူတွေအလိမ်မမိကြစေနဲ့နော်
:::::;;:;;;;;;;;;;;;;;;;;;;::;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
zulian တို့ nero life တို့ သွားမယုံနဲ့။ ရောင်းတဲ့လူတွေလည်း ပါးစပ်က အမြုပ်ထွက်အောင်ပြောတယ် သူများနားထောင်ချင်မှန်းမသိ မနားထောင်ချင်မှန်းမသိ အားနာလို့ နားပိတ်ပြီးနားထောင်နေတာ သူတို့ကိုသူတို့ အဟုတ်မှတ်နေကြတယ်
:::::;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
ဟုတ်ပါတယ်ရှင်...ကျွန်မမှာ မန်ဘာကတ်မြောက်များစွာရှိပါတယ်....ပစ္စည်းကောင်းတာ တော်ရုံပါ....ဈေးကို အဆမတန်တင်တော့ ဘယ်သူမှ စိတ်မဝင်စားပါဘူး။နောက်ဆုံး ဝယ်ထားတဲ့ပစ္စည်းကို ကိုယ်ပဲ ဒိတ်အောက်တဲ့အထိသုံးရပါတယ်...
...................................................................

ဒီလိုအဖြစ်မျိုးတွေထိုင်းမှာမြန်မာရွေ့ပြောင်းအလုပ်သမားတွေအများကြီးခံရပြီပြီ။ပထမဝင်လာတဲ့၁၀ယောက်လောက်ကိုလစာကောင်းကောင်းပေးပြီးနောက်လူတွေကိုမျှားခေါ်ပြီးရင်သူတို့ဆီကပစ္စည်းဝယ်ရင်အမှတ်ရတယ်ယအမှတ်များရင်လစာဘယ်လောက်ရတယ်မက်လုံးတွေပေးနောက်ဆုံးဘာမှမဟုတ်ဘူး။သူတို့ဆီကပစ္စည်းကအပြင်ကပစ္စည်းထက်ဈေး၃.၄ပိုကြီးတယ်။ကျနော်ကိုယ်တွေ့ပါ။ကျနော်သူငယ်ချင်းတစ်ယောက်ဈေးဝယ်တာထိုင်းဘတ်ငွေတစ်သိန်းကျော်ဖိုးဈေးဝယ်ပြီးလူသစ်အယောက်၂၀လောက်ထည့်ထားတာတောင်အခုထိလစာမရဘူး။ပြောချင်တာကဘယ်ကုမ္ပဏီ၊ဘယ်သူဌေးမှသူတို့အကျိုးမရှိပဲမလုပ်ဘူး။သူတို့ကကိုယ်တွေထက်အများကြီးဦးနှောက်ကောင်းလို့သူဌေးလုပ်နေတာ..သူများမက်လုံးပေးတာနဲ့လောဘမတက်ကြနဲ့..ရိုးရိုးကျင့်မြင့်မြင့်ကြံတာအကောင်းဆုံးပဲ...
"လူအချင်းချင်းလှည့်ပတ်ခြင်း...ကင်းဝေးကြပါစေ.....
.........................................................................

ထိုင်းမှာတော့ အများကြီးပဲ ဝင်တဲ့လူတွေကိုအကျိုးအကြောင်းပြောပြပြီးတားတာလဲကိုယ့်ပဲမုန်းတယ် နိုင်ငံချီပြီးအကြီးကြီးညာနေတာကို သိသိနဲ့ လောဘဇောကပ်ပြီး ဝင်ကြတယ် ဝင်ဝင်ချင်း ပိုက်ဆံပေးသွင်းရတယ် အမှတ်ရအောင်လူခေါ်သွင်းရတယ်
ပစ္စည်းတွေ ဝယ်သုံးရတယ် ရောင်းလဲပေးရတယ် စဉ်းစားကြည့်ပေါ့
.........................................................................
ထိုင်းမှာ အများကြီးပဲ zulian. neolife.Giffraine.You can do.ရှိတာပြောင် အကြွေးပါတင်သွားတဲ့ သူငယ်ချင်းတေ အများကြီးပဲ
...............................................
phyu Lay တို့လည်းသူတို့ဆွယ်တဲ့အထဲကသီသီလေးလွတ်မြောက်ခဲ့ပါတယ်
..........................................................
ဟုတ်တယ် ဟုတ်တယ်ရက်ကွပ်ထဲက ကုလားမ(ဘောဇိ)တစ်ယောက်ကသူကားနဲ့အလကားခေါ်သွားမယ် အားရင်လိုက်ခဲ့တဲ့ဝင်ကြေး(5000)ပေးရမယ်အကျိုးရှိတယ်လိုက်ခဲ့ တဲ့ကိုယ်အိတ်ထဲ့ကအရင်ထွက်မဲ့အရာဘယ်လောက်အကျိုးရှိရှိစိတ်မဝင်စားဘူး
::::::::::::::::::::;;;;;::::;;;;;;;;;;;;;;;;;;;;;;;;;;;;;
အဲဒါ MLM system မဟုတ်ပါဘူး PYRAMID systemပါ တြိဂံလိုမျိုး အပေါ်ကလူကစားသွားတာပါ
::::::::::::::::::::::::::::::::::::;;;;
ဒီအလုပ်ကတော့ အရူးတွေပဲလုပ်တယ် သူတို့ပြောသလိုရရင် တစ်ကမ္ဘာလုံးလူတွေ ဒီအလုပ်ပဲလုပ်တော့မှာပေါ့ ခံရတဲ့လူတွေကို ကိုယ်ချင်းစာပါတယ် နောက်လူတွေဒီလိုမဖြစ်အောင် သတိထားကြပေါ့ ကျနော့ကိုလဲဒီလိုပဲလာပြောတယ်မယုံလို့မလုပ်ဘူး
-------:::::::::::::::::::::::::::::;;:::;;;;;;;;;;;;;;
လူတွေ က လိမ်နည်းပေါင်းစုံ
နဲ့ လိမ်နေကြတာ
ကိုယ့်အသိဥာဏ်
နဲ့ စဉ်းစားဆင်ခြင်သင့်တယ်
------------------.................................
ကိုယ့်တုတ်နဲ့ ကိုယ့်ကိုပြန်ရိုက်တဲ့အလုပ်ပါ လုပ်ကြည့်လိုက်ပါ ရှိတာပြောင်သွားစေရမယ်

စိတ်ပျက်စရာကောင်းအောင် မစားရ၀ခမန်း လာဆွယ်
သူတွေကြုံဘူးတယ်။ လောဘကြီးသူ ချင့်ချိန်ဥာဏ်မရှိ
သူတွေ ခံရတယ်။ ကိုယ့်ပတ်ဝန်းကျင်အနီးမှာကို
ကြည့်စရာ သက်သေအများကြီး။ သတိပေးကြပါ။
.....................................................
လောဘကြောင့်နဲ့ ကိုယ့်ငွေကိုသူများကိုအရင်ပေးပြီးလုပ်စားခံရတာပါ ကျွန်တော်လက်တွေ့ပါ သူငယ်ချင်းတယောက်က ကျွန်တော့ကိုလာပြောပြတာတနာရီကျော်ကြာပါတယ် ၅သိန်းကနေစပြီး၁၀သိန်းဖိုးထိဝယ်ရမယ်ပေါ့ဘယ်လောက်အကျိုးအမြတ်များမယ်ပေါ့ သူစကားနားထောင်ပေးခဲ့ပါတယ် အားလုံးပြီးမှတခုထဲပြောလိုက်ပါတယ် ကိုယ့်ငွေကိုစအရင်တည်ပြီးသူများလုပ်စာတာမခံဘူး အဲ့ငွေကိုကိုယ်ပိုင်အလုပ်ထဲပဲထဲ့ပြီးကိုယ်ပဲဦးဆောင်လုပ်တော့မယ် ကိုယ့်ငွေနဲ့သူများခိုင်းတာမလုပ်ဘူး အငက်ပဲခံမယ်ပြောမရတဲ့အဆုံးတော့ကျွန်တော့ကိုသူမပြောတော့ဘူး သူကတော့အဲ့အလုပ်လုပ်နေတာအဆင်ပြေတယ်တဲ့ အေးပါမင်းအဆင်ပြေရင်ငါဝမ်းသာပါတယ်လို့ပြောလိုက်ပါတယ် ၃နာရီလောက်အချိန်ကုန်သွှားတယ် အရေမရအဖက်မရဒါပေမဲ့ တခုတော့ရလိုက်တယ် ကလိမ်အသစ်ဗဟုသုတပေါ့
............----------.........-----.....----.....--
ကိုယ်ကတော့ ဘယ်လောက်ပြောပြော ခေါင်းညိတ်တယ် လူမှုရေးအရ ဒါပေမယ့် မန်ဘာဝင်ဖို့တော့ဆောရီး အထက်ကအကိုတွေအမတွေပြောသလို ထိုင်းမှာ အများကြီး ကုမ္မဏီတော့ မပြောချင်ဘူး အပေါင်းသင်းတွေ ဆက်ဆံရေးတွေရှိနေလို့ သူတို့နှစိပတ်လည်ဆုပေးပွဲလဲ ကုမ္မဏီကြီးရောက်ဖူးတယ် အဲဒီမှာ ဝင်ထားသူတွေ မစားရဝခမန်း ပြောရလောက်အောင် တကယ်ပဲ မက်လုံးတွေရှိတယ် အိမ်ခြံမြေ ကား နိုင်းငံခြား အပျော်ခရီးစဉ် ရွှေငွေစိန်ုသရဖူ အကယ်ဒမီဆု အခြားတွေစုံလို့ပေါ့
.................................
ဟုတ်တယ်..မလုပ်တာအကောင်းဆုံးပါ
ကျနော့အကိုနှစ်ယောက်ဆိုရင်ခုထိစကားမပြောကြတော့ဘူး...အလှကုန်ပစ္စည်းနဲ့...လယ်ယာသုံးဓာတ်မြေဩဇာကုမ္မဏီမှာ..တစ်လကိုသိန်းနှစ်ဆယ်...ဖိုးဝယ်ပေးရောင်းပေးရတယ်
ဘောနက်..နှစ်သိန်းပြန်ပေးတယ်....ရောင်းမကုန်လို့နောက်လ..သူတို့ဆီက..၂၀ဖို့ထပ်မဝယ်ရင်..ဘာမှမရတော့ပါဘူး...စည်းရုံးတုန်းကတော့..သိန်းနှစ်ဆယ်မန်းဘားဝင်ထားရင်..ဘောနက်..တလနှစ်သိန်းပုံမှန်ရတယ်လို့စည်ရုံးတာ...ကျနော့အကိုကနားယောင်ပြီးလုပ်လိုက်တာ..လယ်ပါရောင်းပြီးအကြွေးဆပ်လိုက်ရတယ်။
ပစ္စည်း ဈေးက..အချိုဆုံး၂သောင်းထက်မှာဆိုတော့...ဘယ်သူဝယ်သုံးနိုင်မလဲ...တလသိန်း၂၀ဖိုး
ရောင်လို့ကုန်နိုင်မလားဗျား...ရောင်းမကုန်တော့
နောက်လအတွက်ထပ်ယူဖို့ငွေအရင်းကမရှိတော့ဘူးလေ..အရင်လကအရင်းလဲအတိုးတက်ပြီလေ...ပြာဖြစ်ဖို့ပဲကျန်တယ်....နားမယောင်ကြပါနဲ့
ပုံမှန်ဝင်ငွေနဲ့ပဲ့ရောင့်ရဲတင့်တိန်ကြပါလို့...အကြံပြုချင်တယ်...အရင်းနှီးခိုင်တယ်
ယုံကြည်လက်ခံတယ်ဆိုရင်တော့..ဘာမှမပြောလိုပါဘူး။


အဲ့ဒါ unicity မှတ်လား ကိုယ်ချင်းစာပါတယ်
-----------------------------...................................
ပြောပြချင်လွန်းလို့လွန်ခဲ့တဲ့တစ်နှစ်လောက်ကကျွန်မကိုယ့်ဆိုင်နဲ့ကိုယ်(အမျိုးသမီးသီးသန့် beauty saloon)ဖွင့်တာအဆင်ကိုပြေနေပုံမှမှန်ဝင်ငွေလေးနဲ့အောင်မြင်တယ်လို့ပြောလို့ရပါတယ်ကံမကောင်းစွာနဲ့ပဲဆိုင်ကိုလာတဲ့ညီမတစ်ယောက်ကအဲဒီကုမ္ပဏီကလုပ်ငန်းအကြောင်းစလာပါတော့တယ်သူကproductအကြောင်းဘယ်လောက်ကောင်းတယ်အဲဒီကရင်းနှီးရင်တစ်လကနေ၃လအတွင်းသိန်းကိုဆယ်နဲ့ချီပြီးတော့ပဲပြောနေတော့ကျွန်မကလည်းလောဘနဲ့လူသားဆိုတော့သူ့အပြောမှာတင်တော်တော်ဘဝင်ကျပြီးညတောင်အိပ်မပျော်တော့ဘူးစဉ်းစားတာလေ
အဲဒါနဲ့နောက်နေ့သူ့ဆီphဆက်ခေါ်တွေ့ပြီးသူတို့လုပ်တဲ့ပွဲတက်ရောက်ခဲ့တာပေါ့မက်လုံးတွေကလည်းကောင်းမှကောင်းတစ်ကယ်ရနေတာတွေလားရတော့မယ့်ဆဲဆဲတွေလားရပြီးတဲ့လူတွေကလည်းသူတို့အချိန်တိုလေးအတွင်းမှာဒီလိုအောင်မြင်ပါတယ်ပေါ့သူတို့ကမင်းသားမင်းသမီးတွေထက်တောင်ပေါ်ပြူလာဖြစ်ပါသေးတယ်အဲဒီပွဲလည်းပြီးရောကျွန်မချက်ချင်းကိုပိုက်ဆံ၁၀သိန်းယူပြီးလိုက်သွားတယ်memberဝင်တာပေါ့သူတို့ဆီကဆေးတွေလည်းကိုယ်နဲ့သင့်မယ့်ဆေးတွေရွေးယူတာပေါ့ညွှန်းတာလည်းဘာကောင်းသလဲမမေးနဲ့လုံးဝကိုပြောင်းလဲသွားပြီး၃လအတွင်းမှာသိန်း၃၀လောက်ရမှာဆိုတော့လေနောက်ဘန်ကောက်မှာEagle champဆိုတဲ့သင်တန်းလည်းလိုက်တက်နိုင်ရင်အမြန်ဆုံးအောင်မြင်တယ်တဲ့ကျွန်မလည်းကိုယ့်ဆိုင်ကိုအလုပ်သမားတွေနဲ့ပဲပစ်ထားပြီးတော့ဒီဘက်ကအချီကြီးရတော့မယ့်အလုပ်ဘက်ကိုဦးတည်ရတာပေါ့.............
ဒါနဲ့ပဲဘန်ကောက်ကို၁ပါတ်လောက်လိုက်ချင်းမိုင်မှာ၃ညအိပ်ပြီးဘဝတစ်သက်တာမှာတစ်ခါမှမလုပ်ဘူးတဲ့gameကစားနည်းမျိုးစုံးကိုအသက်ထွက်လုမတက်ကိုယ်ကျိုးနည်းမတက်ကိုလူရောစိတ်ပါဝင်နွှဲခဲ့ရပါတယ်ဘန်ကောက်မှာတော့ပါလာတဲ့ပိုက်ဆံနဲ့shoppingပါတ်တာပေါ့အဲမှာလည်း၁၀သိန်းလောက်ကုန်သွားပါတယ်ပြောရရင်အရှည်ကြီးပဲဒါနဲ့ပဲကျွန်မ၅လကိုကြိုးစားပမ်းစားလူရှာပါတယ်အိမ်ကအမေအဖေလည်းမနေရပါဘူးအမေတောင်သိန်း၂၀ဖိုးဝယ်ပြီးဆေးတွေကိုအမုန်းထိုင်သောက်နေရပါတယ်သူစိတ်မကြည်တဲ့အချိန်ဆိုဆေးတွေကြည့်ပြီးငိုပါတယ်နင့်ကြောင့်ဆိုပြီးကျွန်မကိုမြင်ရင်ဆွေမျိုးတွေသူငယ်ချင်းမိတ်ဆွေတွေကငါတို့ကနေကောင်းဘာမှမဖြစ်ဘူးနေိာနဲ့ဆေးလိုက်ရောင်းတဲ့သူကိုဖြစ်လို့ရှောင်ဖယ်ဖယ်တွေဖြစ်လာတယ်။
လတိုင်းလည်းpvအမှတ်ပြန်ထိန်းရမယ်ဆိုပြီးတစ်လကို၎သိန်းဖိုးလစဉ်၎လဆက်တိုက်ဆိုတော့၁၆သိန်းစပြီးတော့vip codeဝင်တာက၁၀သိန်းအဲဒါဆေးဖိုးပဲ၂၆သိန်းဘန်ကောက်သွားတာ၁၀သိန်း၃၆သိန်းစပြီးဝင်တဲ့နေ့ကတည်းကမိုးလင်းတာနဲ့အပြင်ရောက်နေပီဆိုင်ဆိုတာခေါင်းထဲမှာကိုမရှိတော့ဆိုင်မှာလည်းအလုပ်သမားနဲ့ဆိုတော့ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာကျွန်မမှာလည်းလူ၅ယောက်ရဖို့အရေးကိုအသန်းအသည်ရှာဖွေနေတာလည်းအော်ငါ့လိုလူလည်းတစ်ယောက်မှမရှိပါလားပေါ့ပွဲတွေဆိုလည်းလက်မှတ်တွေကတစ်စောင်၅ထောင်ဆိုတော့ဝယ်ရမယ်လို့ပြောရင်မလာမှာဆိုးလို့ကိုယ့်အိတ်ထဲကပဲစိုက်ထုတ်နောက်ဆုံးတော့ကျွန်မဆိုင်လည်းပိတ်အဲဒီအလုပ်နဲ့ပဲအရာရာဆုံးရှူုံးခဲ့ပါတယ်ဒါကလည်းကျွန်မရဲ့ကံနဲ့လည်းဆိုင်မှာပေါ့။

ရပါတယ်ကျွန်မလည်းကိုယ့်လိုဒုက္ခမျိုးကိုမကြုံစေချင်ပါဘူးတစ်ကယ်ကောင်းတယ်အောင်မြင်တယ်ဆိုရင်တော့အားလုံးအတွက်အကျိုးရှိတာပေါ့ဒါကလူအများနဲ့ယုံကြည်မှုကိုအယုံသွင်းပြီးမက်လုံးပေးတော့လူတိုင်းကလည်းငွေဆိုတဲ့အရာကိုမကြိုက်တဲ့သူမရှိတော့ကောင်ကောကိပါအောင်လိုက်တော့တာပေါ့အားလုံးပဲစဉ်းစားစေချင်ပါတယ်ဒီအလုပ်ကိုမလုပ်သေးခင်လုပ်နေတဲ့သူတွေကိုယ်တစ်ကယ်ပဲသေချာအောင်မြင်တိုးတက်နေလားအဲလိုမဟုတ်ပဲသူများကိုအရမ်းကောင်းတာသေချာပေါက်ရမှာလို့လက်လွတ်စပယ်မပြောစေချင်ဘူးဘဝနဲ့ရင်းပြီးဒုက္ခရောက်သွားတဲ့သူတွေထဲမှာကျွန်မအပါအဝင်အတူလုပ်ခဲ့တဲ့မိတ်ဆွေတွေဆိုရင်အခုထိအကြွေးမကျေသေးဘူးပြသနာပေါင်းစုံကိုခက်ခဲစွာဖြေရှင်းနေရတယ်မိတ်ပျက်သွားတာတွေလည်းရှိတယ်ကျွန်မတစ်ခုဝမ်းသာတာကကျွန်မလူ၅ယောက်ရှာတာ၁ယောက်ပဲရတယ်။
အဲဒါကလည်းကျွန်မအမေကျွန်မဆွေမျိုးအပေါင်းအသင်းတစ်ယောက်မှကျွန်အကိုအားနာပါးနာနဲ့ကောလောဘတက်ပြီးတော့ပါမပါလာတာကိုအခုပြန်တွေးမိတော့ဝမ်းသာမိတယ်သြော်သူတို့ကငါ့ထက်ဆင်ခြင်ဥာဏ်အတွေးအခေါ်ကောင်းတဲ့သူတွေပဲဆိုတာကျွန်မကလည်းလူတစ်ဖက်သားကိုကျလောက်တဲ့အထိပြောတတ်တဲ့ထဲမှာမပါဘူးအပြောအဆိုလည်းမပြေပြစ်ဘူးအဲတော့လိမ်ပြီးတော့ကိုမပြောချင်တာကိုယ်လညိးတစ်ကယ်မရပဲနဲ့ရနေပါတယ်လို့ပြောနေတဲ့သူတွေကိုလည်းအရမ်းအံ့သြမိတယ်ဒါကိုယ်တစ်ယောက်ကောင်းစားဖို့လူ၅ယောက်ရဲ့ဘဝတွေကိုရင်းခိုင်းလိုက်တာနဲ့အတူတူပဲငါ့လိုရချင်ရင်ငါတို့အထက်ကလုပ်ခိုင်းပြောခိုင်းတဲ့အတိုင်းလုပ်ဆိုတဲ့သဘောကိုယ်ကပိုက်ဆံလည်းရင်းပြီးပြီဆိုတော့နောက်ဆုပ်လို့လည်းမဖြစ်တော့ဘူးအဲတော့တွေ့သမျှသိသမျှအကုန်လိုက်ဆွဲတော့တာပေါ့ကိုယ်ရင်းထားတဲ့ပိုက်ဆံလေးပြန်ရရင်တော်ပါပြီနဲ့လိုက်လေဝေးလေကုန်လေဖြစ်တော့တာပဲနောက်ဆုံးတော့ကျွန်မတို့အဖွဲ့တွေပွဲစားယောင်ယောင်ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့လက်ရှိကနေလက်မဲ့ဘဝကို၆လအတွင်းမှာတစ်ဟုန်ထိုးပြောင်းလဲသွားပါတယ်ရှင်။

သူတို့ပြောတဲ့၃လမှ၆လဆိုကိုယ့်ရဲ့ဘဝလုံးဝပြောင်းလဲသွားမယ်ဆိုတာလဲတစ်ကယ်ပါ
ဒါပေမယ့် ကောင်းသော ပြောင်းလဲခြင်းမဟုတ်ပါဘူး
မလုပ်ခင်သေချာ စဉ်းစားဆုံးဖြတ်ကြပါ
ကိုယ်တိုင်လုပ်ခဲ့ဖူးသူတစ်ယောက်ရဲ့
လက်တွေ့ ဖြစ်ရပ်ပါ
------------------------------
Multi Level Marketing, MLMလို့ ခေါ်ပါတယ်ခင်ဗျာ။
ပစ္စည်းမျိုးစုံကိုရောင်းပြီး ဝင်ငွေရှာဖွေတာပါ။ တကယ်တော့ အလိမ်အညာတွေကများပါတယ်။
သာမန်ဈေးရောင်းဈေးဝယ်တွေထက် ပိုကောင်းတယ်လို့ဆိုပါတယ်။ အဲဒီ MLMသမားအများစုဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေသူ
လောဘကြီးသူစိတ်ဓာတ်တက်ကြွနေတဲ့လူငယ်တွေမသိနားမလည်သူများ ဖြစ်ကြပါတယ်။

ကုန်ပစ္စည်းများကို အပြင်ကပေါက်ဈေးထက် အဆပေါင်းများစွာဈေးတင်ရောင်းချပါသည်။ ရရှိတဲ့အမြတ်ကို မိမိအထက်လူsuper starsများကို အချိုးကျခွဲဝေပေးရပါသည်။ တချို့နိုင်ငံတွေမှာ အဲဒီလိုရောင်းဝယ်ခြင်းကို တရားဥပဒေအရ ပိတ်ပင်ထားပါသည်။ MLMသည် အောက်ခြေရှိ One starsများကိုမွဲစေပြီး အထက်ရှိSuper starsများကို အခွင့်ထူးခံဖြစ်စေပါသည်။

မြန်မာနိုင်ငံမှာရှိသော တချို့MLMအဖွဲ့အစည်းများသည် တရားမဝင်ပစ္စည်းများကို ရောင်းချလျက်ရှိသည်။ အချို့အဖွဲ့အစည်းများတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိပါ။
ဆင်းရဲတွင်းမှကင်းလွတ်ချင်သည့် အခြေခံလူတန်းစားများနှင့် ဖြတ်လမ်းလိုက်ငွေရှာချင်သူများကို မက်လုံးပေးထားပါသည်။ တကယ်တော့ MLMသည် 420အကြီးစားသာဖြစ်ပါသည်။
အဲဒီစီးပွားရေးစနစ်သည် အမှန်တကယ်အကျိုးဖြစ်ထွန်းပါက နိုင်ငံတိုင်းမှာ အဲဒီစီးပွားရေးစနစ်ကို ကျင့်သုံးကြမှာပေါ့။ တကယ့်420အကြီးစားပါဗျာ။
/......................................
ထိုင်းမှာလည်းအဲ့လိုမျိုးတွေအများကြီး လူတွေရဲ့လောဘကိုအခွင့်ရေးယူပြီးလုပ်နေတာ နောက်ဆုံးတော့တစ်ကယ်ခံစားရတာက ထိပ်ဆုံးမှာရှိတဲ့ သူဌေးပါ ကုန်ပစ္စည်းတွေတစ်ကယ်ကောင်းပါတယ် ကုမ္ပဏီ ရဲ့ဖွဲ့စည်းပုံက တြိဂံလိုမျိုးပါ အောက်ခြေဖောင်ဒေးရှင်းခိုင်မာများပြားလေလေအထပ်ကထိပ်ဆုံးကပိုပြီးခံစားခွင့်ရလေလေပါ သူတို့ရဲ့ကုန်ပစ္စည်းတွေကကြော်ငြာခမကုန်ဘူး မန်ဘာဝင်တွေပါးစပ်အမြုတ်ထွက်အောင်ကြော်ငြာပေးစွယ်ပေးရပါတယ် သူတို့ကုန်ပစ္စည်းရောင်းမထွက်မှာမပူရဘူး မန်ဘာဝင်တွေလစဉ်အမှတ်ရဖို့အတွက်ဝယ်ကိုဝယ်ရပါမယ် ဝယ်ရတဲ့ကုန်ကျငွေနဲ့ရမှတ်ကအရမ်းကွာပါတယ်။
ရလာမဲ့ရမှတ်ပေါ်မူတည်ပြီးခံစားရမဲ့ ဘောနပ်ကလည်း ၁၀၀%မှာ ၁ % လောက်တောင်မရဘူး လစဉ်ဝယ်ရတဲ့ရမှတ်တွေကနောက်လတွေနဲ့ပေါင်းပြီးခံစားခွင့်မရှိပါဘူး ပြောရရင်တော့များတယ် ကိုဟ်တိုင်လုပ်ကြည့်ရင်တော့ပိုသိမှာပါ ကျနော်တို့ဆီမှာတော့ ၁၀၀၀မှာ ၉၉၉ ယောက်လောက်လက်လန်ကြပါတယ် ရှင်းရှင်းပြောရရင်တော့ ကိုယ်ကကိုယ့်ထက်အရင်ဝင်ထားတဲ့လူရဲ့လှေခါးထစ်ပါ...ကျနော်လည်းလှေခါးထစ်တွေအများကြီးထဲက လှေခါးထစ်တစ်ခုဖြစ်ခဲ့ဖူးလို့ပါ ကိုယ့်ထမင်းကိုယ်စားပြီးဂျီးဒေါ်နွားအငြားကျောင်းသလိုပါပဲ အမှန်တစ်ကယ်က သူဌေးက လစာပေးစရာမလိုပဲ အလကားခိုင်းနေတာပါ ဘယ်သူ့ကို မှရည်ရွည်ခြင်းမဟုတ်ပါ ...ကိုယ်တိုင်ကြုံ ခဲ့လို့ပါ...
---------------------------
..............................လိမ်နည်း.............................
.
.
ဒီရက်အတွင်းဖတ်မိနေပါသည်...ဆင့်ပွားလိမ်နည်း..ဟူရ်ျ..
ထို့ကြောင့် မိတ်ဆွေများအတွက်စိုးရိမ်မိပါသည်....
Multi Level Marketing ဟု ခေါ်ကြပါသည်...
ဥပမာ...ပြောရလျှင်...
ပစ္စည်း တခု ၃သောင်းခန့် တန်သည်အား..၁သိန်းပေးဝယ်ယူရပြီး...အဖွဲ့ဝင်အဖြစ်သတ်မှတ်ခံရသောနည်းဖြစ်ပါသည်...
ထို့ကြောင့်ဇာတ်လမ်းစလျှင်စခြင်းပင် ၇သောင်းရှုံးပါသည်...
.
.
ထိုမျှနှင့်မပြီးသေး အဖွဲ့ ဝင်ဖြစ်သွားသည့်အလျှောက် အလုပ်တခုပါလက်ခံလိုက်ရပြန်ပါသည်...ထိုအဖွဲ့ အစည်းအတွက် လူသစ်ထပ်မံရှာဖွေပေးရေးအလုပ်ဖြစ်ပါသည်...
သင်ကြေကြေနပ်နပ် လုပ်ဖြစ်ပါလိမ့်မည်....အဘယ့်ကြောင့်ဆိုသော် သင့်အား ၄င်းတို့မှယုံကြည်လောက်အောင်စည်းရုံးပြီးဖြစ်နေသောကြောင့်ဖြစ်ပါသည်...
.
.သင်အဘယ့်ကြောင်ယုံကြည်လွယ်ရသလည်းဟု ပြန်ဆန်းစစ်ကြည့်ပါက...သင်၏လောဘကြောင့်ပင်ဖြစ်ပါသည်...တသိန်းရင်းရ်ျ လူသစ် များများရှာနိုင်သော် လစဉ် ပုံမှန်မည်ရွေ့ မည်မျှဝင်ငွေရှိကြောင်းသင့်အား အထောက် အထားများ..ငွေစာရင်များ ..ဘဏ်စာအုပ်များ ပြပါလိမ့်မည်...
၎င်း၏လက်အောက်တွင် အဖွဲ့ဝင်အသစ်မည်မျှရှိရ်ျ နေ့စဉ်ဝင်ငွေမည်မျှဝင်နေသည်ကိုပြပါလိမ့်မည်...
.လူတိုင်းလောဘ ရှိပါသည်....လောဘပိုကြီးသောသူများသည် ပိုရ်ျယုံလွှယ်တတ်ကြပါသည်...
ထိုက်သင့်သည့်ကျိုးစား အားထုပ်မူ့မရှိဘဲ သူတပါးထံမှ အလွယ်ရမည့် ငွေကို တပ်မက်သူများများစွာခံရသောလိမ်နည်းဖြစ်ပါသည်....
.
.
လွန်ခဲ့သည့် ၁၀နှစ်၁၅နှစ်ခန့်က မလေးရှားတွင် တွင်ကျယ်ခဲ့ပြီးသော လိမ်နည်းများယ္ခု မြန်မာပြည်တွင် ခြေချ လာခြင်းဖြစ်ပါသည်....
ထိုစဉ်က မလေးနိုင်ငံ သား အများအပြား အလိမ်ခံခဲ့ရပါသည်....တရားစြဲရ် ္မရပါ... ရဲတိုင္ရ် ္မရပါ...အဖွဲ့ဝင်အဖြစ်ဖြည့်စွက်ရသည့် လျှောက်လွှာမှာတွင်ပင် ၄င်းတို့ဖက်မှ ဥပဒေကြောင်းအရ
အရေးယူရ်ျမရအောင်ကြိုတင် ကာကွယ် ကြံ စည် ထားပျြီးဖြစ်ပါသည်...
.
.
ထိုအဖွဲ့ အစည်းများသည် ခိုင်မာတောင့်တင်းစွာ သိုင်းကြီးဝိုင်းကြီးဖွဲ့စည်းထာကြပါသည်...နာမည်ကြီး များ၏ အကူအညီများ၊အမည်များ ကိုလည်း အသုံးချတတ်ပါသည်...ဝတ်စားဆင်ယင်မူ့ အလွန် စမတ်ကျ ကြပါသည်...ဝင်းဝင်းပြောင်ပြောင် .. ရွှေတွဲလဲ...ငွေတွဲလဲများ ဖြင့်ဆွဲဆောင်ကြပါသည်...အတန်းပညာမတတ်သူကိုပင် ညွှန်ချုပ် ဖြစ်နိုင် သည်ဟု ပြောတတ်ကြပါသည်...
.
.သင်သည် ၄င်းတို့နှင့် ပါတ်သက်မိပြီ ဆိုပါက နောက်ဆုတ်ရန်ခက်သွားပါလိမ့်မည်...ဆက်တိုးဖို့ရန် သာ၎င်းတို့မှပြောဆိုစည်းရုံးပြီး အဖွဲ့ဝင် အဆင့်တက်ရေးအတွက်ငွေထပ်မံ ထည့်ဝင်ခြင်း....လူသစ်များ အသဲအသန် ရှာဖွေဖြင်းများသံသရာတွင်လည်ပါတော့သည်....
နောက်ဆုံး နယ်တွင်နေထိုင်သော မိရင်းဖရင်းကိုပင် အဖွဲ့ ဝင် ဖြစ်ရန်စည်းရုံးရသည်အထိဖြစ်လာပါလိမ့်မည်...သင်ကိုယ်တိုင် အလိမ်ခံရပြီဟုသတိထားမိချိန်တွင် နောက်ကျနေပြီဖြစ်သည့်အတွက်သင့်ထွက်ပေါက့်ရရှိရေး အတွက် သူတပါးအားလိမ်ရန် အားထုပ်ရပါတော့သည်...
မဟုတ်တာကို အဟုတ်ထင်အောင်ပြောရပါတော့သည်...မမှန်တာကိုအမှန်ထင်အောင်ပြောရပါတော့သည်...စပါးကြီးမြွေ လိမ်ထားသည်ထက် အဖြည် ခက်ပါလိမ့်မည်...
.၄င်းတို့သည် ရဟန်းရှင်လူ မရွှေးစည်းရုံးကြပါလိမ့်မည်...ကျောင်းသားလူငယ် များအားလည်းပစ်မှတ်ထားပါလိမ့်မည်...ရုံးဝန်ထမ်းများအားလည်းပစ်မှတ်ထားကြပါလိမ့်မည်...တချိန်က မလေးရှားနိုင်ငံသားများ လူရည်လည်လာ ချိန်လိမ်လည်ရ်ျမရတော့သောအခါတွင်ပြည်ပမှလာရောက်လုပ်ကိုင်နေကြသော ကျွန်တော်တို့လို အောက်ခြေလုပ်သားနိုင်ငံခြားသားများအားပင်ပစ်မှတ်ထားခဲ့ကြပါသည်....ကျွန်တော်မိတ်ဆွေ အမျိုးသမီးတဦးဆိုလျှင်...
မလေးတွင် မြန်မာဆိုင်ဖွင့်ရ်ျ အဆင်ပြေလျှက်ရှိရာမှ...စုဆောင်းထားသမျှလေးတွေကုန်တဲ့အပြင် မြန်မာပြည်ကအိမ်ပါ ရောင်းလိုက်ရတဲ့အဖြစ်ကြုံရပါသည်....ကျွန်တော်တို့ကိုလည်း သူ့ခမြာ အဖွဲ့ဝင်ဘို့ဆွယ်တရားဟောလိုက်ရတာအမော...အခင်အမင်တွေတောင်ပျက်မတတ်ပါ...
သူခုထိသက်ရှိထင်ရှားရှိနေပါသေးသည်....ကျွန်တော့် Fb friend lis ထဲမှာသူရှိပါသည်...ရိုးရှင်းစွာ စဉ်းစားစေလိုပါသည်....
ချမ်းသာကြွယ်ဝ စေ သောနည်းအား တပါးသူတယောက်က သင့်အား အဘယ့်ကြောင့်အလွယ်တကူ လမ်းပြမည်နည်း......
သူ့သားသမီးအား အရင်ပြရပေမည်...သူ့ညီကိုမောင်နှမများအား အရင်ပြရပေမည်...သူ့မိဘအားအရင်ဆွဲ ခေါ်ရပေမည်....
အဘယ့်ကြောင့်သင့်ထံ ရောက်လာရသနည်း....ရှင်းပါသည်...သားကောင်သည် မုဆိုး ထံလာခဲပါဘိ...
မုဆိုးသည်သာ သားကောင်ရှိရာ လာရပေသည်...မုဆိုးသည်သာ သားကောင်ရှာ ကြပေသည်...
.
.
ထိုလိမ်နည်းသည် သင်တို့ထံ သို့အယုံကြည်ရဆုံးမိတ် ဆွေညီကိုမောင်နှမနှင့်လုပ်ဖေါ်ကိုင်ဖက်များထံမှ တဆင့် ဝင်ရောက်
လာရန် ခြောင်းမြောင်းလျှက် ရှိနေ ပါသည်....ပြည်တွင်းရောက်နေပေပြီ...
သတိရှိကြပါကုံ...............................
.ဟုက်တယ်အကိုရာ
ညီ့သူငယ်ချင
credit;မြန်မာသတင်းဦးသတင်းထူးများ