04 December 2017

R2P ကို ဦးတည်သွားအောင် စကတည်းက ပုံဖေါ်ခဲ့တာ အသိသာကြီး သူတို့အလုပ် သူတို့လုပ်သွားကြတာ၊ဘယ်လောက်မျက်နှာပြောင်တိုက်ခဲ့သလဲ ?

Zayar Min Khaint
9 hrs
ဒီရက်ပိုင်းတွေမှာ R2P ကိစ္စရေးကြတာတွေများတယ်။
R2P ကို ဦးတည်သွားအောင် စကတည်းက ပုံဖေါ်ခဲ့တာ အသိသာကြီး သူတို့အလုပ် သူတို့လုပ်သွားကြတာ၊ဘယ်လောက်မျက်နှာပြောင်တိုက်ခဲ့သလဲ ?
စခန်း (၃၀) ကို စနစ်တကျ ဝင်တိုက်သွားတယ်။မြို၊သက်၊ဟိန္ဒူရာကျော်ကို ပက်ပက်စက်စက် သတ်ခဲ့တာသူတို့ …။အဲ့ဒါကိုဖျောက်ထားပြီး …လုံခြုံရေးဆောင်ရွက်တော့မှထွက်ပြေးတဲ့သူတွေကို အကြောင်းပြီးEthnic cleansing ဆိုတဲ့ ပုဒ်မတပ်လာတယ်၊ပြည်တွင်းက မြင်တဲ့သူ တချို့က R2P ဖြစ်လာလိမ့်မနော်ဆိုပြီး သတိပေးရေးခဲ့ကြတယ်၊အခု အစိုးရနဲ့ညှိပြီးပြန်ခေါ်တယ်။


နိုင်ငံသားပေးမှ ပြန်လာနိုင်မယ်လို့ ပြောလာကြတယ်။ရိုးသားကြရဲ့လားလို့ မေးဖို့မလိုတော့ဘူး။နဂိုထဲက Plan အတိုင်းလုပ်နေကြတာ သိသာတယ်။

R2P ပုဒ်မကြီး ပီပီပြင်ပြင် တပ်နှိုင်အောင် အဆင့် (၃)ဆင့် လိုတယ်။အခု... အဆင့် (၂) ကိုရောက်ပြီ၊ Orange alert ပေါ့။
Red alert ရောက်ရင် action က နောက်ကလိုက်လာမယ်၊ဘယ်လောက် လိုက်လျောလျော…တနည်းမဟုတ် တနည်းနဲ့ ကောက်ကျစ်ဖို့က သူတို့အလုပ်ပဲ။

သီပေါလက်ထက်တုန်းကလဲ လိုက်လျောခဲ့တာပဲ မြန်မာကိုသိမ်းဖို့ အစီအစဉ်က ရှိထားပြီးလေတော့ နောက်ဆုံးသိမ်းသွားတာပါပဲ။
အခုလည်း လိုအပ်တာထက် လိုက်လျောလွန်းရင်...

အရင်းထဲကသာပါသွားပြီး...
R2P ကိုလုပ်မှာက လုပ်မှာပဲ။
အဲ့ဒီတော့.... မဖြစ်မနေ ရင်ဆိုင်ကြရတော့မယ်ဆိုတော့ R2P ဟာ…ဒူးထောက်စရာလားလို့ ပြန်မေးရတော့မယ်၊မြန်မာအနေနဲ့ အကျူးကျော်ခံရတော့မလား...?
အချုပ်အခြာ အထိပါးခံရတော့မလား ?

တပ်မတော်ကို ရည်ရွယ်ထားတဲ့ ICC ကရော ဒူးထောက်ပေးရမဲ့အရာလား ?
(ICC မှာ ရောချထားတယ်၊အပြည်ပြည်ဆိုင်ရာခုံရုံးတင်မှာ အစိုးရကိုလား၊တပ်မတော်ကိုလား ခွဲမပြောသေးဘူး) တောမှာသွားသေလိုက်ပါလို့ပဲ ပြောရလိမ့်မယ်။

ကမ္ဘာ့အခင်းအကျင်းတွေ ပြောင်းကုန်ပြီ၊ခြောက်လို့ရရင် ဆက်ခြောက်လိမ့်မယ်၊သိပ်ကြောက်ပြပြီး ရှိတာအရင် အကုန်ပေးလို့မရဘူး။
ရုရှားကိုအနီးကပ် Threat လုပ်တဲ့ဖြစ်ရပ် ရုရှားလက်ခံခဲ့သလား…?
ခရိုင်းမီးယားကို တခါထဲသိမ်းပစ်လိုက်တယ်၊တဖက်က စစ်ဦးတခါထဲကျိုးထွက်သွားပြီး အရှုံးနဲ့ပါ ရင်ဆိုင်လိုက်ရသေးတယ်။

(၁၉၈၈) တုန်းက တရုတ်က ဘာမှမဟုတ်သေးဘူး။
အခု... တရုတ်နဂါးက မီးဟုန်းဟုန်းတောက်နေတဲ့အဆင့်
ထရမ့်သမ္မတဖြစ်စမှာ ထိတ်တိုက်တွေ့ဖို့ ကြိုးစားကြည့်ခဲ့ဘူးသေးတယ်။မဟန်မှန်းသိလို့...နောက်ပြန်ဆုတ်သွားခဲ့တာ သတိထားမိကြမှာပေါ့။

အခု...
တရုတ်ကလည်း သူ့အနီးကပ် မြန်မာကနေပြီး ခြိမ်းခြောက်တာကို
ငြိမ်ခံနေမယ်လို့ထင်လို့လား ?
ဒါကြောင့် အချိန်တန်ပြီထင်တာနဲ့
မြန်မာ-ဘင်္ဂလားဒေခ်ျညှိနှိုင်းမှု့မှာ ကြားဝင်လာပြီ၊
ဆိုတော့....
မလိုအပ်ပဲ ကိုယ့်ဘက်က အရင်အပေးမလွန်စေနဲ့
R2P ဟာ...
ဒူးထောက်စရာမဟုတ်သလို....
ICC ဟာလည်း သတိထားစရာဟုတ်ပေမဲ့...
ကြောက်စရာအဆင့် (လုံးဝ) မဟုတ်ဘူး။
( ဆက်ရေးဦးမယ်... အလုပ်ရှိလို့ခဏရပ်ထားလိုက်ပါ့မယ် )
Nay Zin Latt.