စစ်တွေ၊ဒီဇင်ဘာ ၁၁ #စံတော်ချိန်
ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက် ည ၇နာရီ ခန့်က သတင်းအရ မြို့နယ်ရဲမှူး ကိုကိုဦးနှင့် ပူးပေါင်းအဖွဲ့ကသတင်းအရ မှိုဟင်းတောကျေးရွာ သင်္ဘောဆိပ်ရှိ ငလုံးတောင်၏ ကုန်ဂိုထောင်ကို သွားရောက်ရှာဖွေမှုများပြုလုပ်ရာWY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြားအားဖမ်းဆီးရမိခဲ့ကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှသိရသည်။
“ငလုံးတောင်ရဲ့ ကုန်ဂိုထောင်က ဇော်မင်းနိုင်(ခ)ကမား ပေးပို့သည့် ပီနန်အိတ် ၉ အိတ် ထဲကကော်ဘူးနဲ့ စတီးပေါင်းအိုးတွေမှာ လျှို့ဝှက် ထည့်သွင်းထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ပြားကို တွေ့ရှိခဲ့တာပါ” ဟု တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိသူကပြောသည်။
ဆေးပြားများဂိုထောင်ထဲထားရှိသူဦးငလုံးတောင်အား ထပ်မံ စစ်ဆေးးချက်များအရ ဘူးသီးတောင်မြို့သို့ ပို့ဆောင်ရန် ထွန်းလင်းနိုင်အမည်ရှိ စက်လှေ ပေါ်တင်ထားပြီးမှ ပြန်ချထားခဲ့ခြင်းဖြစ်ကြောင်းသိရသဖြင့် ယင်းစက်လှေအားလိုက်လံရှာဖွေရာ မှိုဟင်းတောကျေးရွာ သင်္ဘောဆိပ်
ကမ်း၌ ရပ်ထားသည့်အတွက် အဆိုပါစက်လှေအား ထိန်းသိမ်းပြီး စက်လှေပေါ်ရှိကုန်များအားကုန်ပစ္စည်းများအား ပူပေါင်းတပ်ဖွဲ့က ဖွင့်ဖောက်စစ်ဆေးနေကြောင်းသိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး လက်ဝယ်ထားရှိသူ ဦးငလုံးတောင်နှင့်ဆက်စပ်တရားခံများအား တောင်ကုတ်မြို့နယ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။