12January 2018 SAW
အသက်မပြည့်သေးတဲ့ မြန်မာ မိန်ုးခလေးတဦး ကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ Victoria secret ရေချိုး အနှိပ်ခန်းကို ဒီကနေ့ နေ့ လည်ပိုင်းကထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ နဲ့ အတူ အမျိုးသမီးများ လူကုန်ကူးမှုကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဝင်တွေ နဲ့  စစ်တပ် ပါဝင် တဲ့ ပူပေါင်းအဖွဲ့ တွေဟာ ဗစ်တိုးရီးယား အနှိပ်ခန်းကို ဖမ်းဝရမ်းနဲ့ အတူ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဘန်ကောက်မြို့  Rama 9 ဖလမ်(၉ ) Soonvijai ဆွိုင်ဝိကြိုင် လမ်းမှာ ဖွင့်လစ်ထားတဲ့ ဗစ်တိုးရီးယား အနှိပ်ခန်းပိုင်ရှင် လွန်စပ်အမွန် ၀ပ်ထနာစီရီ ( ကိုဖါးကြီး ဟု နာမည်တွင်နေသူ )ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအနှိပ်ခန်းမှာ အသက် ၁၂ နှစ်ကတဲ့က ရောင်းစားခံရတဲ့ မြန်မာ မိန်းခလေးတဦးက ထိုင်းအမျိုးသမီးအဖွဲ့ တွေကို တိုင်းတန်းချက်နဲ့ ခုလို အနှိပ်ခန်း ကိုဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ယခုဖမ်းလိုက်တဲ့ ပြည့်တန်ဆာ လုပ် ကိုင်နေသူ အမျိုးသမီး (၁၂၀) မှာအများစုဟာသက်သေခံ အထောက်အထား မှတ်ပုံတင် ရှိကြဘူးလို့  သိရပါတယ်။
ထိုင်းနိုင်ငံမှာ မကြာခဏ ဆိုသလို ခုလိုအနှိပ်ခန်းတွေကို ၀င်ရောက်ဖမ်းဆီး ခဲ့တာတွေရပေမယ့် တရားခံတွေ ဟာ အာမခံနဲ့ အပြင်ကနေ တရားရင်ဆိုင်နေပြီး အလုပ်ဟောင်းကိုပြန်လုပ်ကိုင်နေကြတာတွေ့ ရပါတယ်။
ဒီကနေ့ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဗစိတိုးရီးယား အနှိပ်ခန်းမှာလည်း ယခင်အမှုဟောင်း ရှိနေသူ (၇)ဦးကို စစ်ဆေးတွေ့ ရှိခဲ့တယ်လို့  ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။