1 hour 3 minutes ago Sat, 01/06/2018 မဇ္ဈိမ
ရန်ကုန်၊ ဇန်နဝါရီ ၆
ယခုနှစ် ၂၀၁၈ မတ်လကုန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့ ကားလမ်းဖြင့် တောက်လျောက်သွားလာနိုင်မည်ဖြစ်ကြောင်း ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၌ ဆောက်လုပ်ရေးအပိုင်းတာဝန်ယူထားသည့် ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရွေ့လျားအိမ်ရာများ လှူဒါန်းလွဲပြောင်းပေးသည့် ယနေ့ဇန်နဝါရီ ၁၆ရက်၌ပြုလုပ်သည့်ပွဲတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်သည် မြစ်ချောင်းနှင့် တောတောင်ထူထပ်သည့်ဒေသဖြစ်ပြီး စစ်တွေ၊ ဘူးသီးတောင်
"ဒါတွေဘာမှမဖြစ်ခင်ကတည်းက အစိုးရရဲ့ပေါ်လစီနဲ့ဘတ်ဂျက်နဲ့ထည့်ပြီးလုပ်တဲ့အခါမှာ ဒီနှစ်မတ်လမှာ စပြီးတော့ ပုဏ္ဏားကျွန်း၊ ပုဏ္ဏကျွန်းကနေပြီးတော့ ရသေ့တောင်၊ ရသေ့တောင်ကနေ ဘူးသီးတောင်၊ ဘူးသီးတောင်က မောင်တော တောက်လျောက် မတ်လကုန်ဆိုရင်သွားလို့ရပြီ လမ်းတွေကတော့ ပထမအဆင့်ကကျောက်ချောလမ်းပေါ့ ကတ္တရာလမ်းအဆင့်တော့မရောက်သေးဘူး သို့သော်လည်းပဲ တံတားကြီးတွေပြီးတဲ့အတွက် ဘာပဲဖြစ်ဖြစ်သွားလို့တော့ရတယ် ဒါကအရေးကြီးတယ် နံပါတ်တစ်သွားလို့ရအောင်လုပ်ရမယ်" ဟု ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သွားပါက လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်နိုင်မည်ဖြစ်ကာ လမ်းတစ်လျောက်တွင် ၆၆ကေဗီဓာတ်အားလိုင်းများ စိုက်ထူသွားမည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
"လမ်းအပြီး ဓာတ်တိုင်တွေလည်းတောက်လျောက်ဆွဲသွားမယ် ။ရသေ့တောင်မှာ တံတားလည်းပြီးမယ်ဆိုရင် မတ်လမှာ ရသေ့တောင်မြို့က လမ်းပေါက်မယ် မီးလည်းရမယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
လမ်းတစ်လျှောက်မြို့များသို့ လျှပ်စစ်မီးသွယ်တန်းစိုက်ထူသွားမည်ဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီအချိန်တွင် မောင်တောမြို့ပါ လျှပ်စစ်မီးရရှိသွားမည်ဖြစ်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားများအတွက် အမျိုးသားမဟာဓာတ်အားလိုင်း မှ ဓာတ်အားပေးသွားမည်ဖြစ်သည်။
လျှပ်စစ်မီးရရှိပါက ဒေသဖွံ့ဇြိုးရေးအတွက် ထူးခြားသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ခြောက်ခုမှ အစိုးရအဖွဲ့ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ၂၀၁၇ခုနှစ် ဒီဇင်၁၆ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် အိမ်ယာနှင့်စာသင်ကျောင်းများတည်ဆောက်နိုင်ရန် သွားရောက်ခဲ့ကြသည်။