4.1.2018 Yangon Police
လူမှုကွန်ရက်စာမျက်နာတွင် ဟာသ သရုပ်ဆောင်အဖြစ် လူသိများလာသူ ရဲထွေးအောင်(ခ)အောင်ရဲထွေးမှာ ဇန်နဝါရီလ ၁ ရက်နေ့က The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရာမှ သေဆုံးသွား၍ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဆောင်ရွက်ခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်နေ့ ၂ နာရီ ၃၅ အချိန်တွင် ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ သန်းထွဋ်အောင်(ခ)သားကြီးပါဝင်ကြောင်းသိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် ၎င်း၏ မိဘများအား ဆက်သွယ် စည်းရုံးဆောင်ရွက်ခဲ့ရာ ၃.၁.၂၀၁၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် သန်းထွဋ်အောင်(ခ)သားကြီး (၂၆)နှစ်၏ ဖခင်ဖြစ်သူမှ သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်ပို့အပ်သဖြင့် အမှုဖြင့် ဖမ်းဆီးခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ)အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ အတူပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့ (၃)ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်ကခိုက်ရန် ဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာ စင်ပေါ်သို့တက်၍ ၎င်း တို့သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ လဲကျသွားကြောင်း ထွက်ဆိုခဲ့ပါသည်။
ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ ပြည့်ဖြိုးအောင်(ခ)အောင်လေး (၂၆) နှစ်၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူအား မိခင်ဖြစ်သူမှ ၃.၁.၂၀၁၈ရက်နေ့ ၂၀၃၅ အချိန်တွင်လည်းကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇော၊ (၂၈)နှစ်၊ ငမိုးရိပ်ကွက်၊ သင်္ဃန်းမြို့နယ်နေသူအား ၎င်း၏မိဘများမှ ၄.၁.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင်လာရောက်ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။