04 December 2017

ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်



ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်လိုက်ပါတယ်။
အဲဒီသဘောတူညီချက်ပါ သတ်မှတ်ချက်တွေကို လိုက်နာ ဆောင်ရွက်တော့မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆန်ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီ သဘောတူညီချက်ဟာ အမေရိကန်ရဲ့ အချုပ်အခြားအာဏာကို ထိခိုက်စေတယ်၊ နိုင်ငံသား ခံယူမှု ဥပဒေနဲ့ နယ်စပ်လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို နုတ်ထွက်မှုကို ဝမ်းနည်းကြောင်း၊ ကုလသမဂ္ဂ အနေနဲ့ သဘောတူညီချက်ကို ဆက်လက် အကောင်အထည် ဖော်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ ညီလာခံဥက္ကဋ္ဌ မီရိုဆလပ်ဗ် လာချက်က ပြောပါတယ်။