09 January 2018

လူကုန်ကူးခံရသော အင်ဒိုနီးရှားပြန် ရေလုပ်သားများ နစ်နာကြေးရရန် ဆန္ဒပြ


လူကုန်ကူးခံရသော အင်ဒိုနီးရှားပြန်ရေလုပ်သားများအတွက် နစ်နာကြေးရရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အင်ဒိုနီးရှားနိုင်ငံ ရေပိုင် နက်အတွင်း လူကုန်ကူးခံရသည့် မြန်မာရေလုပ်သား ၅၀၀ ကျော် ၏ လုပ်ခလစာ နစ်နာကြေးများကို အစိုးရက ရက် ၁၀၀ အတွင်း ဆောင်ရွက်ပေးရန် ဇန်နဝါရီ ၈ရက် နံနက် ၁၀ နာရီက တာမွေမြို့ နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ဟစ်တုကွင်းတွင် ဆန္ဒထုတ်ဖော် ခဲ့သည်။


၂၀၁၆ အောက်တိုဘာက မြန်မာ-ထိုင်း-အင်ဒိုနီးရှား- ကမ္ဘောဒီးယား လေးနိုင်ငံပါဝင်သော ငါးဖမ်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင် လုပ်အားခေါင်းပုံဖြတ်ခြင်း၊ လူကုန်ကူးမှုများ၌ တရားဥပဒေစိုးမိုးရေးအရ  ပူး ပေါင်းဆောင်ရွက်ခြင်း အစည်းအ ဝေးကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီး ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ခြင်းကြောင့် အင်ဒိုနီးရှားရေပိုင်နက်၌ လူကုန်ကူးခံခဲ့ ရသည့် မြန်မာရေလုပ်သားရှစ်ဦး အား နစ်နာမှုလျော်ကြေးငွေပေး အပ်ခဲ့သော်လည်း လူ ၅၀၀ ကျော်မရရှိသေးသောကြောင့် ယခုကဲ့သို့ဆန္ဒပြခြင်းဖြစ်ကြောင်း ဦးဆောင် ဆန္ဒပြသည့် ကိုလှိုင်မင်းက ပြော ကြားသည်။
‘‘ကျွန်တော်တို့က လှေပေါ် မှာ အဓမ္မစေခိုင်းခံရတာပါ။ လုပ် သက်အနည်းဆုံး ငါးနှစ်ကနေ ဆယ်နှစ်တွေပါ ရှိပါတယ်။ နစ်နာ ကြေးက တစ်ဦးကို ကျပ်သိန်း ၅၀ လောက်ရမှာပါ။ ဒါပေမဲ့ ခုထိ ကျွန်တော်တို့ တစ်ပြားတစ်ချပ်မှ မရသေးဘူး။ အဲဒါနဲ့ပတ်သက်ပြီး အစိုးရက ဆောင်ရွက်ပေးဖို့ တိုက်တွန်းဆန္ဒပြတာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။အင်ဒိုနီးရှားရေပိုင်နက်တွင်  ရေလုပ်သားများအဖြစ် လူကုန်ကူးခံရသည့် မြန်မာလူမျိုးများသည် ထိုင်းနိုင်ငံမှတစ်ဆင့် လူကုန်ကူးခံရပြီး လာရောက်သူများလည်းရှိသဖြင့် ထိုင်းနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရေးကိုလည်း ဆန္ဒပြပွဲ၌ တောင်းဆိုခဲ့သည်။
‘‘ကျွန်တော်ဆို ထိုင်းဘက် ကနေတစ်ဆင့် အရောင်းခံရတာ။ ကျွန်တော်တို့ကို ရောင်းခဲ့တဲ့ ထိုင်းဘက်က လူကုန်ကူးတဲ့သူတွေကို ကော အရေးယူပြီးပြီလားဆိုတာ လည်း သိချင်ပါတယ်။ ပြီးတော့ ထိုင်းဘက်က ဘာတွေများ ကျွန် တော်တို့အတွက် ဆောင်ရွက်ပေး လဲဆိုတာကို သိချင်ပါတယ်’’ဟု လူကုန်ကူးခံရသူ အသက် (၃၀) ခန့်ရှိ ကိုမြင့်ဇော်က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံရှိ ဘန်ဂျီ နာကျွန်း၊  တူရယ်ကျွန်း၊ အင်ဘွန်းကျွန်းနှင့် ဘိုဒိုကျွန်းများပေါ်တွင် ကျွန်ပြုခံရသည့် မြန်မာရေလုပ် သား ၅၀၀ ကျော်အပါအဝင် ထိုင်း၊ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရေလုပ်သားများ၏ အခြေအနေ ကို အေပီသတင်းဌာနက တစ်နှစ် ကျော်ကြာ စုံစမ်းထောက်လှမ်း ကာ ရေးသားဖော်ပြခဲ့သည်။ ထို သို့ ဖော်ပြမှုကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာပြီး သက်ဆိုင်ရာနိုင်ငံအစိုးရများက သိရှိ၍ ၂၀၁၅အတွင်း ကယ်တင်ခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ရက် ၁၀၀ စောင့်ကြည့်ပြီးတော့မှ အခြေအ နေမထူးခြားရင် ကျွန်တော်တို့ လူ ကုန်ကူးခံရတဲ့ အယောက် ၅၀၀ လောက်စုပြီး မြန်မာနိုင်ငံက အင် ဒိုသံရုံးရှေ့မှာ ဆန္ဒပြမယ်’’ဟု ကိုလှိုင်မင်းက ပြောသည်။
ဆန္ဒပြသူများသည် အင်ဒိုနီး ရှားသံရုံးရှေ့တွင် ဆန္ဒပြမည်ဟု တင်ပြထားသော်လည်း သက် ဆိုင်ရာက တာမွေဟစ်တိုင်၌သာ ပြသရန် ညွှန်ကြားချက်ထုတ်ပြန် ခဲ့သည်။ ရေလုပ်သားများသည် အနယ်နယ်အရပ်ရပ်မှဖြစ်သော ကြောင့် လက်ရှိတွင် လူဦးရေရှစ်ဦးခန့်ဖြင့်သာ ဆန္ဒပြခဲ့ရကြောင်း ကိုလှိုင်မင်းက ပြောသည်။
ရေလုပ်သားများ နစ်နာ ကြေးရရှိရေး မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အနေဖြင့် လုပ်ဆောင်ပေးနိုင် သည့် ကိစ္စများ အားလုံးလုပ်ပေးခဲ့ ကြောင်း၊ အလုပ်သမား ၁၃ ဦးနှင့်စတင်၍ တရားရင်ဆိုင်ခဲ့ရာ ရှစ်ဦး သာ အင်ဒိုနီးရှားနိုင်ငံ ဥပဒေနှင့် ညီညွတ်သည်ဆိုပြီး နစ်နာကြေးပေးကြောင်း၊ ထိုင်းနိုင်ငံအစည်း အဝေးတိုင်းတွင်လည်း ရေလုပ်သားများ၏ အချက်အလက်များ ပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သက် နောင်က ပြောသည်။
‘‘သူတို့လုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့ကြေးတော့ရချင်မှာ ပဲ။ အသက်စွန့်ပြီး လုပ်ရတဲ့အခြေ အနေကို သိပါတယ်။ အဲဒီလိုမျိုး မရရှိသေးတဲ့ အခြေအနေပေါ်ကို လည်း ကျွန်တော်တို့ စိတ် မကောင်းပါဘူး။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကိုလည်း အချိန်မရွေးအကြံပေးလို့ရပါ တယ်’’ဟု ၎င်းက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာ ကျွန်းတွင်  အဓမ္မခိုင်းစေခံခဲ့ရ သည့် မြန်မာရေလုပ်သားများ သည် ၎င်းတို့၏ လုပ်အားခများ ပြန်လည်ရရှိနိုင်ရေး အစိုးရက ဆောင်ရွက်ပေးရန် ၂၀၁၇ မေလ ၃၁ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့သေးသည်။