ရခိုင်ဂေဇက်၊ ဇန်နဝါရီလ ၉
မြန်မာတိုင်းမ် သတင်းထောက်ဦးသောင်းမြတ် |
ရခိုင်ပြည်နယ်အမ်းမြို့နယ်အိုးပုတ်ကျေးရွာတွင် ဇန်နဝါရီလ ၇ ရက်နေ့နေလည် ၂နှာရီခန့်က အိုးပုတ်ကျေးရွာမှရွာသားများနှင့် မြန်မာတိုင်းသတင်းဌာနမှ သတင်းသမားတစ်ဦးတို့စကားများအခင်းဖြစ်ပွား၍ သတင်းသမားလက်ထဲတွင် ဓားကိုင်ဆောင်မှုကြောင့် အမ်းမြို့မစခန်းတွင်တရားသူကြီးအမိန့်နှင့်ရမန်ရက်ချုပ်ပြီးအချုပ်ခန်းထဲတွင်ထိန်းသိမ်းထားကြောင်း အမ်မြို့မစခန်းမှူးထံမှ သိရသည်။
"မြန်မာတိုင်းသတင်းသမားနှင့်အတူအိုးပုတ်ရွာသားတစ်ဦးကိုခေါ်ပြီး သတင်းယူဖို့ အိုးပုတ်ရွာကိုသွားကြတာပါ။ရုံချိန်းရက်မှာ အိုးပုတ်ရွာသားဆီက သတင်းသမားဦးသောင်းမြတ်က ငွေကျပ်၁၅သိန်းမှ သိန်း၂၀ ကျပ်အထိ ကုန်ကျငွေတောင်းတော့ အိုးပုတ်ရွာကရပ်မိရပ်ဖနှင့်ရွာခေါင်းဆောင်တွေက မင်းကဘာလို့မရှိဆင်းရဲသားတွေဆီက ငွေအများကြီးတောင်းရတာလဲဆိုပြီး စကားများထိုးကြိတ်အခင်းဖြစ်ပွားကြတာပါ။ အဲ့အချိန်မှာသတင်းသမားလက်ထဲက ၇လက်မကျော်အရှည်ရှိတဲ့ ဓါးပြုတ်ကျသွားပြီး အများပြည်သူသွားလာနေတဲ့ နေရာမှာအန္တရာယ်ဖြစ်စေတဲ့ပုဒ်မ၊တရားသူကြီးအမိန်နှင့်အတူ မနေ့က အမ်းမြို့မစခန်းမှာ ရမန်ရက်ချုပ်ကာထိန်းသိမ်းထားပါတယ်။"အမ်းမြို့မစခန်းမှူးဦးကျော်ဝင်းကပြောသည်။
အဆိုပါမြန်မာတိုင်းသတင်းသမားဦးသောင်းမြတ်ခေါ်ဘိုတောက်အသက်(၄၂)နှစ်သည် ဇန်နဝါရီလ ၇ရက်နေ့တွင်ထိုးကြိတ်ဒဏ်ရာများဖြင့် အမ်းမြို့ဆေးရုံမှာဆေးကုသခံမူခံယူခဲ့ပြီး ဇန်နဝါရီလ ၈ရက်နေ့မှာ အိုးပုတ်ရွာသားအဖွဲ့မှ ငွေတာင်းဆိုမှု ဓါးကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်တရားလိုပြုလုပ်တိုင်းတန်းထားမှုကြောင့် အချုပ်ခန်းထဲတွင်ထိန်းသိမ်းအရေးယူခံခဲ့ရခြင်းဖြစ်သည်။
၎င်းအခင်းဖြစ်စဉ်နှင့် ပတ်သတ်၍မှုခင်းသတင်းဌာနမှဒုဥက္ကဌကိုအေးသိန်းက"ရဲစခန်းကို သတင်းရလို့ သွားကြည့်တာပါ။ ဦးသောင်းမြတ်က သူ့ရဲ့လက်၊နှဖူးနဲ့မျက်ခုံးတွေက ထိခိုက်ဒဏ်ရာတွေကိုပြပါတယ်။ သူရဲ့ကိုယ်ခန္ဓာပေါ်မှာ ကြိုးချည်နှောင်တုတ်ထားခံရတာတွေကို အထင်းသားမြင်ရပါတယ်။ အဲဒါကြောင့် ဆေးစာနဲ့ တကွ အမ်းဆေးရုံသို့ဆေးကုသမှုကိုခံယူစေပါတယ်။ နောက်နေ့မနက်မှာမှ ငွေတောင်းဆိုမှု၊ ဓါးကိုင်ဆောင်မှုနဲ့ သူ့ကိုထိုကြိတ်လိုက်တဲ့ဖက်က တရားစွဲဆိုအရေးယူထားတဲ့အတွက် ဆေးရုံကနေ အမ်းမြို့မစခန်းက တာဝန်ရှိသူတွေက ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။"ဟု ရခိုင်ဂေဇက်သို့ပြောသည်။
မြန်မာတိုင်းသတင်းသမားဦးသောင်းမြတ်၏ပြောဆိုချက်အရ ၎င်းနှင့်အတူ အဖေါ်တစ်ဦးလိုက်ပါ၍ အိုးပုတ်ရွာသို့သတင်းယူရန်သွားရာမှ လူလေးယောက်အထက်ပါသော သစ်မှောင်ခိုသမားအဖွဲ့မှဦးသောင်းမြတ်အားလ္ဘက်ရည်တိုက်ပြီး ဘယ်အဖွဲ့အစည်းဘယ်ဌာနကလို့မေးမြန်း၍ ကြိုးနှင့်ချည်နှောင်အတုပ်ခံရပြီးနေလည်၂နာရီမှညနေ၄နာရီအထိ ထိုးကြိတ်ခံရကြောင်းကို မှုခင်းသတင်းဌာန၏ဒုဥက္ကဌကိုအေးသိန်းကဆက်လက်ပြောဆိုသည်။
လတ်တလောမှာမည့်သည့်ဖက်မှစကားနှင့်သတင်းအမှန်ဖြစ်သည်ကိုသေသေချာချာမသိရှိရသေးပဲတစ်ဖက်မှစကားသံတစ်ခုစီဖြင့်ဖြစ်နေပ်ါနေသည်။ဓါးကိုင်ဆောင်မှုဖြင့်တရားစွဲဆိုအရေးယူခံထားရသောဦးသောင်းမြတ်အားအမ်းမြို့မစခန်းတွင်ရမာန်ရက်ချုပ်ကာထိမ်းသိမ်းအရေးယူထားဆဲဖြစ်ကြောင်းသိရသည်။
အေးသန္တာ